✨ Jeans တွေဝတ်ရတာပျင်းလာတယ်ဆိုရင်တော့ Basic Tee တွေကို Relaxed pant၊ Ankle Pant၊ Style Pant စတာတွေနဲ့ တွဲဝတ်ကြည့်ပါ။ ကာလာတွေထဲကဆိုရင် ကာကီ၊ စစ်စိမ်း၊ နီညို။ အနက်ရောင်တွေက မဖြစ်မနေ try ကြည့်သင့်တဲ့ကာလာမျိုးတွေပါ။ သူကဝတ်လိုက်တာနဲ့ ဆန်းသစ်တဲ့ Look ကိုရစေပါတယ်။ ဒါကိုမှ Chain Belt တွေ ဘာတွေဝါသနာပါရင် ဆင်မြန်းနိုင်ပါသေးတယ်။ ဘောင်းဘီအောက်နားကို တစ်ခေါက်ခေါက်ပြီး Sneaker တွေ Boot၊ Chunky Shoe တွေစီး၊ ခြေအိတ်ဖော်ဝတ်တဲ့ အထာကိုတော့ အထူးပြောပြနေစရာမလိုတော့ဘူးလို့ထင်ပါတယ်။
