Xiaomi ကတော့ ကြမ်းနေပြီး Nürburgring မှာ အမြန်ဆုံး EV ကားအဖြစ် စံချိန်တင်နိုင်သွားပါတယ်
စံချိန်တင် ၇ မိနစ် နဲ့ ၄.၉၅၇ စက္ကန့်ကြောင့် fastest production EV အဖြစ် Nürburgring သမိုင်းမှာ နေရာတစ်ခုရယူနိုင်ခဲ့တာပါ Porsche Taycan Turbo GT ရဲ့ ၇ မိနစ် နဲ့ ၇.၅၅ စက္ကန့် ကိုကျော်ရင်းနဲ့ပေါ့
SU7 Ultra ဆိုတာက SU7 ရဲ့ performance version လို့ဆိုရမှာပါ
ဒီတစ်ခေါက်ကတော့ production version ကိုစမ်းတာဖြစ်ပြီး prototype version တုန်းက ၆ မိနစ် နဲ့ ၄၆.၈၇၄ စက္ကန့်အထိ တရားဝင်အသိမှတ်ပြုခံထားရတဲ့ Lap Time ကိုရရှိထားတာပါ
SU7 Ultra ကိုတစ်ချက်ကြည့်ရမယ်ဆိုရင် တပ်ဆင်ထားတဲ့ Powertrain က Super Motor V8s ဖြစ်ပြီး မြင်းကောင်ရေ ၁၅၄၈ ထွက်ပါတယ် ၀ ကနေ ၆၀ mph ကို ၁.၉၈ စက္ကန့် နဲ့ ရောက်နိုင်မယ်လို့ဆိုထားပါသေးတယ်
