လက်ရှိမှာ အသုံးအများဆုံး နည်းလမ်းတစ်ခုကတော့ Tokamak လို့ခေါ်တဲ့ ဒိုးနပ်ပုံစံ ဓာတ်ပေါင်းဖိုတွေမှာ အစွမ်းထက် သံလိုက်စက်ကွင်းတွေသုံးပြီး ပလာစမာကို လေထဲမှာ ဆွဲထားသလို ထိန်းချုပ်ထားတာပါ။
ITER (International Thermonuclear Experimental Reactor) လို ကြီးမားတဲ့ နိုင်ငံတကာ ပရောဂျက်ကြီးဟာ ဒီနည်းလမ်းကို အသုံးပြုပြီး စွမ်းအင်အမြတ်အစွန်းရရှိဖို့ ကြိုးစားနေပါတယ်။
သူကတော့ ပြင်သစ်နိုင်ငံမှာတည်ရှိစမ်းသပ်နေပါတယ်။
