တောင်ကိုရီးယားနိုင်ငံ မှာတည်ရှိတဲ့ Fusion reactor စမ်းသပ်ချက်တစ်ခုပါ။ နေအတုလို့ပြောရင်လည်းမမှားပါဘူး။

ဒါကတော့ KSTAR (Korea Superconducting Tokamak Advanced Research) ဓာတ်ပေါင်းဖိုပဲ ဖြစ်ပါတယ်။ KSTAR ဟာ ၂၀၀၇ ခုနှစ်မှာ ပြည်တွင်းနည်းပညာနဲ့ တည်ဆောက်ပြီးစီးခဲ့တဲ့ Superconducting Tokamak အမျိုးအစား ဓာတ်ပေါင်းဖိုဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေမှာ KSTAR ဟာ ပလာစမာကို စင်တီဂရိတ် သန်း ၁၀၀ (နေရဲ့အူတိုင်ထက် ၇ ဆ ပိုပူ) အပူချိန်မှာ ၄၈ စက္ကန့်အထိ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒါဟာ ယခင် ၂၀၂၁ ခုနှစ်က စံချိန်တင်ထားခဲ့တဲ့ စက္ကန့် ၃၀ ထက် သိသိသာသာ ပိုကြာမြင့်တဲ့ အချိန်ဖြစ်ပါတယ်။ Fusion ဓာတ်ပြုမှုကို အချိန်ကြာကြာ ထိန်းသိမ်းနိုင်ဖို့အတွက် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်ပါတယ်။

တောင်ကိုရီးယားဟာ ၂၀၄၀ ပြည့်နှစ်ရောက်ရင် Fusion စွမ်းအင်ကို စီးပွားဖြစ် အသုံးချနိုင်ဖို့ ပန်းတိုင်ထားရှိပြီး၊ Fusion နည်းပညာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၉၀၀ ခန့် အထိ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖြစ်တဲ့ ITER ပရောဂျက်မှာလည်း တက်ကြွစွာ ပါဝင်နေပြီး၊ fusion reactor တွေအတွက်လိုအပ်တဲ့အရည်အသွေးမြင့် အစိတ်အပိုင်းတွေ ထုတ်လုပ်မှုမှာလည်း ဦးဆောင်အခန်းကဏ္ဍက ပါဝင်နေပါတယ်။

image