နေမင်းကြီးဟာ တစ်စက္ကန့်ကို ဟိုက်ဒရိုဂျင် တန်ပေါင်း သန်း ၆၀၀ (600 million tons) ခန့်ကို ဟီလီယမ်အဖြစ်သို့ ပြောင်းလဲပေးနေပြီး၊ ဒီဖြစ်စဉ်မှ ထုတ်လွှတ်သော ကြီးမားလှသည့် စွမ်းအင်သည် အလင်းနှင့် အပူစွမ်းအင်အဖြစ် ကမ္ဘာမြေနှင့် အခြားဂြိုဟ်များဆီသို့ ရောက်ရှိလာခြင်း ဖြစ်ပါတယ်။
Hydrogen တန်ပေါင်းသန်း၆၀၀ ခန့်ဟာ တစ်စက္ကန့်ကို helium တန်ပေါင်း ၅၉၆ သန်း အဖြစ်ကိုနေ့စဉ်နဲ့အမျှ ပြောင်းလဲနေပါတယ်။
ယုတ်လျော့သွားတဲ့ hydrogen 4 million ton ဟာ energy အဖြစ်ကိုကူးပြောင်းသွားတာဖြစ်ပါတယ်။ဒီ Energy က ကျွန်တော်တို့ ရဲ့နေကိုယ်တိုင်ကော ကျွန်တော်တို့ပါ သုံးစွဲနေရတဲ့ စွမ်းအင် အရင်းအမြစ်ဖြစ်လာပါတယ်။
