အဖြူအမည်းရုပ်ရှင်အနေနဲ့ ရိုက်ကူးမယ့် Martin Scorsese ရဲ့ ယေရှုခရစ်တော်အတ္ထုပ္ပတ္တိရုပ်ရှင်
ဇွန် ၁၄၊ ၂၀၂၅။
အထင်ကရဟောလိဝုဒ် ဒါရိုက်တာတစ်ဦးဖြစ်သူ Martin Scorsese ဟာ A Life of Jesus နာမည်နဲ့ ယေရှုခရစ်တော်အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ကားရိုက်ကူးဖို့စီစဥ်နေပါတယ်။
A Life of Jesus ရုပ်ရှင်နဲ့ ပတ်သက်ပြီး Martin Scorsese ဟာ စာရေးဆရာ Shūsaku Endō ရဲ့ A Life of Jesus ဝတ္ထုကို အခြေတည်ကောက်နှုတ်ကာ A Life of Jesus ကို ရိုက်ကူးသွားမှာဖြစ်ပြီး narrative နဲ့ documentary အမျိုးအစားတွဲဖက်ရိုက်ကူးသွားမှာဖြစ်ကြောင်း သိရပါတယ်။
စစ္စလီမြို့မှာပြုလုပ်ခဲ့တဲ့ Taormina Film Festival မှာ Scorsese က A Life of Jesus ကို သေချာအချိန်ယူဖန်တီးသွားမှာဖြစ်ပြီး ၎င်းရဲ့ရုပ်ရှင်တစ်ကားဖြစ်တဲ့ Raging Bull လိုမျိုး A Life of Jesus ကိုလည်း အဖြူအမည်းရုပ်ရှင်အနေနဲ့ ရိုက်ကူးသွားမှာဖြစ်တယ်လို့ ဆိုလာခဲ့ပါတယ်။
Martin Scorsese ဟာ Shūsaku Endō ရဲ့ Silence ဝတ္ထုကို ၂၀၁၆ မှာ Silence အမည်နဲ့ ရုပ်ရှင်တစ်ကားရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒါ့အပြင် Silence ရဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Andrew Garfield နဲ့ Divergent သရုပ်ဆောင် Miles Teller တို့ကို A Life of Jesus ရဲ့ အဓိကဇာတ်ကောင် ယေရှုခရစ်တော်နေရာအတွက် လျာထားလျက်ရှိကြောင်း၊ ယခုနှစ်ကုန်ပိုင်းမှာ အစ္စရေး၊ အီတလီနဲ့ အီဂျစ်နိုင်ငံတွေမှာ ရိုက်ကူးသွားဖို့ပြင်ဆင်နေကြောင်းကိုလည်း သိရပါတယ်။
