Brad Pitt ရဲ့ Cliff Booth ရုပ်ရှင်အတွက် ဇာတ်ညွှန်းကို Quentin Tarantino ရေးမယ်

ဇွန် ၁၄၊ ၂၀၂၅။

၂၀၁၉ ရုပ်ရှင် Once Upon A Time in Hollywood က သရုပ်ဆောင် Brad Pitt ရဲ့ ဇာတ်ကောင် Cliff Booth အတွက် သီးသန့် spin-off ရုပ်ရှင်တစ်ကားကို Netflix က ထုတ်လုပ်ပြသသွားမှာဖြစ်ပါတယ်။

စတန့်သမားဇာတ်ကောင် Cliff Booth အကြောင်းရုပ်ရှင်ကို Zodiac နဲ့ Seven ဒါရိုက်တာ David Fincher က တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပြီး သရုပ်ဆောင် Brad Pitt ကပဲ ဆက်လက်ပါဝင်သွားမှာဖြစ်တဲ့အပြင် Once Upon A Time in Hollywood မှာ ပါဝင်ခဲ့တဲ့ Leonardo DiCaprio ကလည်း cameo တစ်ခန်း ပါဝင်သွားမှာပါ။

ထူးခြားချက်ကတော့ Cliff Booth ရုပ်ရှင်ရဲ့ဇာတ်ညွှန်းကို မူလ Once Upon A Time In Hollywood ဒါရိုက်တာ Quentin Tarantino ကပဲ ရေးသားပေးထားတာဖြစ်ပြီး ဇာတ်ညွှန်းကို Netflix က ကန်ဒေါ်လာ သန်း ၂၀ နဲ့ ဝယ်ယူခဲ့တယ်လို့သိရပါတယ်။

image