လူကြိုက်များတဲ့ Webtoon ‘Omniscient Readers Viewpoint’ ရဲ့ Live Action ရုပ်ရှင်မှ Still Cut တစ်ချို့ ထွက်ပေါ်လာပါတယ်။
သရုပ်ဆောင်တွေကတော့ Lee Min Ho၊ Ahn Hyo Seop၊ BLACKPINK ရဲ့ Jisoo၊ Chae Soo Bin၊ Shin Seung Ho၊ Nana နဲ့ Kwon Eun Seong တို့ပါဝင်တယ်။
• ဇာတ်လမ်းကတော့ ကင်မ်ဒို့ဂျာ (Ahn Hyo Seop) ဆိုတဲ့ဇာတ်ကောင်က သူဖတ်နေတဲ့ စိတ်ကူးယဉ်ဝတ္ထုက အပြင်ကို ရောက်လာတာနဲ့ စထားပြီး ဝတ္ထုရဲ့ဇာတ်လမ်းကို သူသိထားတဲ့အသိပညာကို အသုံးပြုပြီး ကမ္ဘာပျက်သုဉ်းမှုကို တားဆီးဖို့ ကြိုးစားပါတော့တယ်။ ဒီထဲမှာ Lee Min Ho ကတော့ ဝတ္ထုရဲ့ မူရင်းဇာတ်လိုက် Yoo Joong Hyuk အဖြစ် သရုပ်ဆောင်ထားမှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းက ၂၀၂၅ ဇူလိုင်မှာ ပထမဆုံးထုတ်လွှင့်မယ်လို့သိရပါတယ်။
