ဆီးဖြူသီး နဲ့ ငါးရံ့ဟင်း
*********************
ဆီးဖြူသီးကို လှီးရလွယ်အောင်လို့
ပွက်ပွက်ဆူတဲ့ ရေနွေးထဲ ခဏထည့်မွှေပီးရင်
သူ့မှာပါတဲ့ အရာလေးအတိုင်း လှီးထားပါ။
ငါးရံ့ကို အချွဲတွေပြောင်အောင် ဆားပွတ်ပြီး
ပြောင်အောင်ဆေးပြီးရင် ခုတ်ထစ်ထားပါ။
ငံပြာရည်, ဟင်းချိုမှုန့် , နနွင်း နဲ့ ဆုပ်နယ်ထားပါ။
အိုးထဲဆီထည့်ပြီး ငရုတ်သီးအစိမ်းမှုန့် နဲ့ နနွင်း ထည့်မွှေပါ။
ထောင်းထားတဲ့ ကြက်သွန်ဖြူ , ကြက်သွန်နီ ထည့်ပြီး
ပျော့လာအောင် ဆီသတ်ပြီးရင်
လှီးထားတဲ့ ခရမ်းချဉ်သီး ထည့်မွှေပါ။
ခရမ်းချဉ်သီး အိအိထွေးထွေးလေးဖြစ်လာရင်
ငါးရံ့ ခဏ ထည့်လုံးပေးပြီးတာနဲ့
လှီးထားတဲ့ ဆီးဖြူသီး နဲ့ ရေနွေးပူပူလေးထည့်ပေးပါ။
ငါးရံ့အသားကျက်ပြီး ဆီးဖြူသီးလေး ပျော့အိလာရင်
ငရုတ်တောင့်ရှည် , ရှမ်းနံနံ , နံနံပင်လေးအုပ်ပြီး
ခဏနေရင် အိုးချလို့ရပါပြီ။
ဆီးဖြူသီးက ချဉ်တဲ့ အရသာရှိတာမို့
အကုန်ကျေအောင်ချက်လိုက်ရင်
ဟင်းအရသာ အချဉ်စူးသွားတတ်ပါတယ်။
ဆီးဖြူသီးပျော့အိလာရင် အိုးချလို့ ရပါပြီ။
ငါးရံ့ ၁ ပိဿာဆိုရင် ဆီးဖြူသီး အနေတော် ၁၀ လုံးလောက်ဆို ရပါပြီ။
__________________________________________________
ခုချက်တဲ့ပုံစံလေးကတော့
လူကြီး / ကလေး စားလို့ရအောင် ချက်ထားတာပါ။
ငါးပိကြိုက်သူများကတော့ ငါးပိထည့်ချက်စားလို့ရပါတယ်။
ငါးကတော့ မိမိနှစ်သက်ရာငါးနဲ့ ချက်စားလို့ရသလို
ငါးခြောက်နဲ့ ချက်စားလို့လည်း ရပါတယ်။
အစပ်စားချင်သူများကတော့
ငရုတ်သီးစိမ်း ထောင်းထည့် / ညှပ်ထည့် လို့ရပါတယ်။
