❛ ဒဏ္ဍာရီ ဆိုတာ ရှင်းပြဖို့ မဖြစ်နိုင်တာကို
ရှင်းပြဖို့ အားထုတ်ကြိုးပမ်း ခြင်းဖြစ်တယ်။
အမှန်တရားကို အခြေခံ
ပေါ်ပေါက်လာစေဦးတော့
ရှင်းပြဖို့ မဖြစ်နိုင်ခြင်းမှာပဲ
အဆုံးသတ်ရမှာ ဖြစ်တယ်။
ပရိုမီးသီးယပ်စ်နဲ့ ပတ်သက်ပြီး
ဒဏ္ဍာရီမူကွဲ လေးခု ရှိတယ်။ ပထမမူမှာ
ပြောထားတာက၊ ပရိုမီးသီးယပ်စ်ဟာ
လူသားတွေ ကိုးကွယ်တဲ့ နတ်ဘုရားတွေကို
သစ္စာဖောက်ခဲ့တာကြောင့် ကော့ကဆက်စ်တောင်
တန်းက တောင်ထိပ်တစ်ခုမှာ ခြေချင်းခတ်
ချုပ်နှောင်ခံရတယ်၊ ပြီးတော့ နတ်ဘုရားတွေဟာ သိမ်းငှက်တွေကို စေလွှတ်တယ်၊ အဲဒီငှက်တွေက
ပရိုမီးသီးယပ်စ်ရဲ့ အသည်းကို စားတယ်၊
အစားခံရတဲ့ အသည်းက မူလ အတိုင်း
ပြန်လည် ပြည့်တင်းလာတယ်။
ဒုတိယမူအရ ဆိုရင်တော့
ထိုးဆိတ်နေတဲ့ ငှက်နှုတ်သီးတွေရဲ့
ဝေဒနာကြောင့် ပရိုမီးသီးယပ်စ်ဟာ
ကျောက်တုံးကျောက်တောင်တွေ အကြား
နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားပြီး
သူကိုယ်တိုင်က ကျောက်တုံး ကျောက်တောင်
ဖြစ်သွားတယ်လို့ ဆိုတယ်။ တတိယမူအရ၊
ထောင်စုနှစ်တွေ ကြာမြင့်ပြီးသကာလမှာ
ပရို မီးသီးယပ်စ်ရဲ့ သစ္စာဖောက်မှုကို
မေ့လျော့ကုန်ကြတယ်၊ နတ်ဘုရား တွေလည်း
မေ့သွားတယ်၊ သိမ်းငှက်တွေလည်း မေ့တယ်၊
ပရိုမီးသီးယပ်စ် ကိုယ်တိုင် မေ့သွားတယ်။
စတုတ္ထမူမှာ ဆိုထားတာက
သေချာတဲ့ အကြောင်းရင်း အကြောင်းခံတွေ
ပျောက်ဆုံးသွားပြီဖြစ်တဲ့ အဲဒီ
ဒဏ်ခတ်မှုလုပ်ငန်းစဉ်ကို လူတွေ
စိတ်ပျက်ငြီးငွေ့လာကြတယ်။
နတ်ဘုရားတွေငြီးငွေ့လာတယ်၊
သိမ်းငှက် တွေရောပဲ။ ပရိုမီးသီးယပ်စ်ရဲ့
ဒဏ်ရာကိုယ်တိုင်တောင် ငြီးငွေ့လာပြီး
အနာက သူ့ဟာသူ ပြန်ပိတ်သွားတယ်။
တကယ့် ပဟေဠိက တောင်တွေပဲ ❜
