3 ပတ် - ဘာသာပြန်ပါ။

❛ ရထားပေါ်ကမိန်းကလေး ❜
ရေချယ်ဆိုတဲ့ မိန်းကလေးဟာ
နေ့တိုင်း မနက်ကိုတစ်ကြိမ်၊ ညကိုတစ်ကြိမ်
လန်ဒန်မြို့ထဲကို ရထားနဲ့သွားတယ်။ ပြန်တယ်။
သွားတိုင်း၊ ပြန်တိုင်း ရထားလမ်းဘေးမှာရှိတဲ့
အိမ်တွေကို လှမ်းကြည့် ဖြစ်တယ်။
အဲဒီရထားလမ်းမှာ အချက်ပြမီးနီ တစ်ခုရှိတယ်။
ရထားက မီးနီရှေ့ရောက်ရင် အမြဲလိုလိုရပ်တယ်။
ရထားရပ်ပြီဆိုရင် ရထားလမ်းနဲ့
မလှမ်းမကမ်းမှာ ရှိနေတဲ့
အိမ်အမှတ် ၁၅ ကို သေသေချာချာ
လှမ်းမြင်ရတယ်။
ရေချယ်တစ်ယောက် အဲဒီအိမ်ကို
နေ့တိုင်း ငေးကြည့်ရင်း အဲဒီအိမ်မှာ နေကြတဲ့
စုံတွဲကို စိတ်ထဲမှာရင်းနှီးလာတယ်။ သူတို့ကို
ကြည့်ရင်း အရင်တုန်းက သူပိုင်ဆိုင်ခဲ့ဖူးတဲ့၊
ဆုံးရှုံးလိုက်ရတဲ့ ဘဝကို ပြန်သတိရတယ်။
တစ်ရက်မှာ ရထားပေါ်ကနေ အဲဒီအိမ်ကို
လှမ်းငေးနေတုန်း ထင်မထားတဲ့ အဖြစ်အပျက်
တစ်ခုကို ရေချယ်တွေ့လိုက်တယ်။
ခဏလေးပဲ မြင်လိုက်တာ။
စက္ကန့်ပိုင်းလေးပဲ။
အခု အရာရာ ပြောင်းလဲသွားပြီ။
မထင်မှတ်တာတွေ ဖြစ်ကုန်ပြီ။
ဘယ်လိုမှ မနေနိုင်တော့တဲ့ ရေချယ်
ရဲတွေဆီကိုသွားတိုင်တယ်။ ဒါပေမယ့်
ကျိုးကြေနေတဲ့၊ ထင်ယောင်ထင်မှားတွေ
ဖြစ်နေတဲ့၊ အရက်စွဲနေတဲ့ ရေချယ့်ကို
ဘယ်သူက ယုံမလဲ . . .
• ချမ်းမြေ့ဝင်း •
❛ ရထားပေါ်ကမိန်းကလေး ❜

image