4 ပတ် - ဘာသာပြန်ပါ။

ယာမယ်လ်က သူ့ရဲ IG Story မှာ ဝီလီယံနဲ့ အောင်ပွဲခံနေတဲ့ပုံကို တင်လိုက်ပြီ။ မနေ့ကမှ ဝီလီယံရဲ့ အေးဂျင့်က ဘာကာတာဝန်ရှိသူတွေနဲ့ တွေ့ခဲ့သေးတာပါ။ ဆိုလိုတဲ့သဘောကတော့ နီကိုဝီလီယံဟာ မကြာခင် ဘာကာကို ရောက်လာလိမ့်မယ်ဆိုတာပါပဲ။
ဝီလီယံကို ဘာကာက မနှစ်ကတည်းက လိုချင်နေခဲ့တာပါ။ ယာမယ်လ်ကလည်း စပိန်အတွက် ကစားပေးချိန်ဆို ဝီလီယံကို ကပ်တိုးလေးတွေ ဆွဲဆောင်နေတာကြာပြီ။ ဝီလီယံကလည်း ပြောင်းချင်လာပြီလို့ ယူဆရပြီး မကြာခင် ဘာကာမှာ သူတို့နှစ်ယောက်ကို အတူမြင်ရဖို့ များပါတယ်။
ဒါဆို ဘာကာဟာ လာလီဂါမှာ အကောင်းဆုံးတောင်ပံတစုံကို ပိုင်ဆိုင်တဲ့အသင်းဖြစ်လာမှာပါ။ ရီးရဲလ်ကို ထပ်ပြီးတော့ အနိုင်ယူနိုင်ဖို့အတွက် သူတို့လည်း အကောင်းဆုံးဖြစ်နိုင်မှာတွေကို လုပ်ဆောင်နေတာတော့ထင်ရှားပါတယ်။

image