4 ပတ် - ဘာသာပြန်ပါ။

2001 ခုနှစ်ရဲ့ဒီလိုနေ့ရက်မျိုးမှာ ချယ်လ်ဆီးအသင်းဟာ ဖရန့်လမ်းပတ်ကို ဝက်စ်ဟမ်းအသင်းကနေ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဖရန့်လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းကို အသက် 22 နှစ်အရွယ်မှာ ရောက်လာခဲ့ပေမယ့် ဂန္ထဝင်ကစားသမားဖြစ်လာအောင် ကြိုးစားနိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ 648 ပွဲမှာ 211 ဂိုးအထိသွင်းယူနိုင်ခဲ့သလို ဖလားစုစုပေါင်း 13 လုံးအထိ လမ်းပတ်ကဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီစွမ်းဆောင်ရည်တွေကြောင့်ပဲ ဖရန့်လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းရဲ့သမိုင်းမှာ သွင်းဂိုးအများဆုံးကစားသမား၊ ပရီးမီးယားလိဂ်သမိုင်းမှာ ကွင်းလယ်ကစားသမားတွေထဲ သွင်းဂိုးအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

image