4 ပတ် - ဘာသာပြန်ပါ။

🍀..ပြောင်းစိုက်ပျိုးနည်း🌽🌽🌽🌽🌽
🌽🍀..ကြိုက်နှစ်သက်သောမြေ
မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သော်လည်း မြေစေးမဆန်သော မြေရွ နှင့် သဲမဆန်သော မြေအမျိုးအစား ဖြစ်သင့်သည်။ ရေ မ ဝ ပ် ၊စိမ့်မစွဲသောမြေ၊ အစိုဓာတ်ထိမ်းနိုင်သောမြေ၊ သစ်ဆွေးဓာတ် ကြွယ်ဝသောမြေ၊ နုံးမြေ၊ နုံးစနယ်မြေ ကြိုက်နှစ်သက်သည်။ မြေချဉ်ငံဓာတ်(၆-၆.၈) အတွင်း ကြိုက်နှစ်သက်သည်။
🌽🍀..ကြိုက်နှစ်သက်သော ရာသီဥတု
အပူချိန် (၆ဝ-၉၅) ဒီဂရီဖာရင်ဟိုက်ရှိသော အခြေအနေတွင် ပြောင်း ဖြစ်ထွန်းနိုင်သည်။ နေ့အပူချိန် (၅၅) ဒီဂရီ ဖာရင်ဟိုက်အောက် ကျဆင်းသောရာသီတွင် စိုက်မရပါ။ အပူချိန် (၇၀-၇၅) ဒီဂရီဖာရင်ဟိုက်၊ (၂၁-၂၄) ဒီဂရီစင်တီဂရိတ်ရသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ ညအပူချိန်(၆၅) ဒီဂရီဖာရင်ဟိုက်၊ (၁၈) ဒီဂရီဆယ်လ်စီးယပ်စ်နှင့် အထက်ရှိသောရာသီကို ကြိုက်သည်။ ယင်းအပူချိန်ထက် အေးသောဒေသတွင်မစိုက်သင့်ပါ။
🌽🍀..စိုက်ချိန်
နေ့အပူချိန် (၆၅-၉ဝ) ဒီဂရီဖာရင်ဟိုက်ရှိသော လတွင် စစိုက်ပါ။ အပင်သက်တမ်း (၁ဝဝ-၁၂ဝ) ရက်အတွင်း ယင်းအပူချိန် ပုံမှန် ရှိသင့်ပါသည်။
🌽🍀..မြေပြုပြင်ခြင်း
ပြောင်းစိုက်မည့် မြေကွက်အား ကြိုတင်ထယ်ရေးပြင်ထားရသည်။ ယခင်သီးနှံအကြွင်းအကျန်များနှင့် ပေါင်းမြက်များ ထယ်စာခဲအောက်မြုပ်စေခြင်းဖြင့် အော်ဂဲနစ်ဓာတ်များရစေပြီး ပေါင်းမြက်ပေါက်မှု သက်သာ စေပါသည်။ ပြောင်းစိုက်ခါနီး ထယ်ရေးမပြင်မီတွင် သစ်ဆွေး၊နွားချေးဆွေးများ ထည့်ပြီးမှ မြေပြင်ပါ။ ထယ် (၁-၂) စပ် နှင့် ထွန် (၂-၄) စပ် မြေအမျိုးအစား အနေအထားအရ ပြုပြင်ပါ။
🌽🍀..စိုက်စနစ်
ပြောင်းသည် လေဖြင့် ဝတ်မှုန်ကူးသောအပင်ဖြစ်၍ အတန်းများအား လေသွားလမ်းကြောင်းကို ကန့်လန့် ဖြတ်၍ ထားသင့်သည်။ အတန်းကြား(၂၄-၃၄) လက်မ၊ အပင်ကြား (၈-၁၂) လက်မတွင် (၁) ကျင်း (၁) ပင် ချန်ထားပြီး စိုက်ပါ။ မျိုးနှင့်စိုက်စနစ် ကွဲပြားသည်နှင့်အမျှ အတန်းကြား၊အပင်ကြား ကွာခြားနိုင်ပါသည်။ တစ်ဧက (၁၇၀၀၀) မှ (၂၄၀၀၀) ပင်ဝင်အောင်စိုက်ပါ။
🌽🍀..ရေပေးသွင်းခြင်း
ပြောင်း တစ်ရာသီ အပြည့်အဝကြီးထွား ဖြစ်ထွန်းရန် ရေ (၂၂-၂၅) ဧကလက်မ လိုပါသည်။ (၁) ဧကလက်မ အတွက် ရေ (၂၇,ဝဝဝ) ဂါလန်လိုအပ်၍ ၂၂ ဧကလက်မအတွက် (၅၉၄,ဝဝဝ) ဂါလန်လိုပါသည်။ လုံလောက်သော မိုးရေမရပါက (သို့မဟုတ်) ရေသွင်းစိုက်ပါက ၂ဝ၊ ၄ဝ၊ ၆ဝ၊၈ဝ၊ ၁ဝဝ ရက်သားများတွင် ရေပေးသွင်းပါ။ တစ်ကြိမ် နှင့်တစ်ကြိမ် တိုးပြီး ပေးသွင်းသင့်ပါသည်။
🌽🍀..မြေသြဇာကျွေးခြင်း
မြေခံအဖြစ် ကောမက်စွမ်းအား (၁) အိတ် နှင့် ကောမက်ဂျစ်ပ်ဆမ် (၁) အိတ် ရောစပ်၍ တစ်ဧကနှုန်းကျွေးပါ။
၂၀-၂၅ ရက်သားဘောင်လုံးချိန်တွင် ရွှေကောမက် (၁) အိတ်ကို ကောမက် ဂျီ-၂၁ (၁) အိတ်နှင့် ရောစပ်ကျွေးပါ။
🌽🍀..ပေါင်းမြက်နှိမ်နင်းခြင်း
ပြောင်းထယ်ရေးမပြင်မီ ပေါက်နေသော ပေါင်းမြက်များအား ပေါင်းကေလာ၊ ပရိုင်မာဆေးများဖြင့် ကြိုတင်နှိမ်နင်းပါ။ ပြောင်းစိုက်မြေဖုံးပြီးမှ (၁ဝ) ရက်သားအတွင်း ပြောင်းရွေးချယ်ပေါင်းသတ်ဆေး အတက်ခ်၊ မဟာမိတ်ဖြင့် နှိမ်နင်းပါ။ အတက်ခ်၊မဟာမိတ်ပေါင်းသတ်ဆေးအား ပေါင်းပင်အရွက် (၂) ရွက်ထွက်ချိန် နောက်ဆုံး အသုံးပြုပါ။ မြက်ပေါင်းအဓိကပေါက်သောပြောင်းခင်းများတွင် မဟာမိတ်ပေါင်းသတ်ဆေးအား အတက်ခ်ကဲ့သို့သုံးပါ။ ပြောင်း(၁)လသားခန့်တွင် ပရိုင်မာပေါင်းသတ်ဆေးအား
အတန်းကြား ပေါင်းမြက်များ သတ်ရန် သုံးနိုင်သည်။ ပရိုင်မာသုံးလျှင် ဆေးဖျန်းခေါင်းအား အုပ်ဆောင်းတပ်၍ ဖျန်းပါ။

image