1 ရက် - ဘာသာပြန်ပါ။

စိုက်ပြီး အပင်များမသန် အပင်များလှီခြင်းမှာ......ကွမ်းစတင်စိုက်မည့်သူများသို့
ကွမ်းအတွက် မြေပြုပြင်ခြင်း
**************************
၁။ မြေဆီလွှာရဲ့ ရုပ်ပိုင်းဆိုင်ရာပြုပြင်ခြင်း
(ကွမ်းတစ်ထောင်ခြံအတွက် နမူနာ)
သစ်ဆွေးမြေ ၁၀ တင်းမှ တင်း၅၀ထည့်ပါ။
တိရစ္ဆာန်ချေးဆွေး (၁၀) တင်းမှ တင်း(၅၀)
စက်ဖွဲ့ပြာ သို့မဟုတ် စပါးခွံပြာကို တင်း ၂၀ မှ တင်း၅၀ထည့်ပါ။ (မြေစေးနှင့် သဲဆန်လွန်းသော မြေများ ထည့်သုံးရ အဆင်ပြေသော်လည်း နှုန်းမြေများ မထည့်သင့်ပါ။)
၂ ။ ကွမ်းပင်စားသုံးမည့် အာဟာရများ ရရှိရန်အတွက် ပြုပြင်ခြင်း
ကျောက်မှုန့်၊ အရိုးမှုန့် (၂)အိတ်
ထင်းပြာ ၂ တင်းမှ ၁၀ တင်း
တီစူပါ ၃ ကီလိုမှ ၅ ကီလို
ကွန်ပေါင်းမြေသြဇာ ၃ ကီလိုမှ ၅ ကီလို ( ၂ပိဿာမှ ၃.၅ ပိဿာ)
၃။ မြေပေါ်မြေအောက် ပိုးမွှားများအတွက် ပြုပြင်ခြင်း
မြေအောင်းပိုးသတ်ဆေး ကီလိုဝက် (၂၃ ကျပ်သား)ခန့် ထည့်ပေးပါ။ (ဖိုးလမင်းကျိုင်း ဆိုးရွားသောမြေများတွင်သာ သုံးပါရန်။)
၄။ ရောဂါပိုးမွှားများကို ကာကွယ်နှိမ်နှင်းရန်
မဖောက်ထုံး ၀.၅ တင်းမှ ၁ တင်း
ထရိုင်ကိုဒါးမား
ဆာလ်ဖာ
ဘော်ဒို
မင်ကိုဇက်တို့ကို အသုံးပြုပေးပါ။
ခဏ ခဏ လာမေးနေလို့ ပြန်တင်ပေးလိုက်ပါတယ်။ ဥာဏ်ရှိသလို အဆင်ပြေတာ ထည့်သုံးပါ။ အကုန်လုံး ပါရမည်ဟု မဆိုလိုပါ။ မိမိတို့ လက်လှမ်းမှီသည့် ပစ္စည်းများထည့်ပါ။ မြေကို သေချာပြင်ပါ။ မြေဆီ ထက်သန်ပြီးသား မြေများ ဘာမှမထည့်ဘဲ စိုက်ရန်အဆင်ပြေသော်လည်း သာမန်မြေများအဆင်မပြေပါ။ အရင်းစစ်တော့ အမြစ်မြေကဆိုသလို စိုက်ပြီး အပင်များမသန်၊ အပင်လှီခြင်းများမှာ မြေကို သေချာမပြင်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

image