1 ရက် - ဘာသာပြန်ပါ။

ကြက်သား ငံပြာရည်ပေါင်းနည်း အချဥ်ရည်စပ်နည်း......
အသားချိုချိုလေးနဲ့ နူးညံ့တဲ့ကြက်သား ငံပြာရည် ပေါင်းနည်းလေးပါ.....။😋
လုပ်နည်းကတော့........
ပါဝင်ပစ္စည်းများ........
• ကြက်ပေါင် ၂ ချောင်း
• တရုတ်ကြက်သွန်ဖြူ ၅ လုံး
• နံနံပင်မြစ် ၃ မြစ်
• တရုတ်နံနံပင် ၂ ပင်
• ပဲငံပြာရည် ၂ ဇွန်း
• ခရုဆီ ၂ ဇွန်း
• သကြား ၃ ဇွန်း
• ပဲငံပြာရည်အနောက် ၃ ဇွန်း
• ရေ ၁ လီတာ
အချဉ်ရည်အတွက် ပါဝင်ပစ္စည်းများ..........
• တရုတ်ကြက်သွန်ဖြူ ၄ လုံး
• သံပုရာရည် အလုံးကြီး ၁ လုံး
• သကြား ၂ ဇွန်း
• ငံပြာရည် ၂ ဇွန်း
• ငရုပ်သီးစိမ်း မိမိစိတ်ကြိုက် ထည့်နိုင်သည်
အရသာက မိမိစိတ်ကြိုက် ပြင်ဆင်နိုင်ပါသည်။
လုပ်နည်း........
ကြက်သွန်ဖြူ နှင့် တရုတ်နံနံမြစ်ကို ထောင်းပြီး ပေါင်းမဲ့အိုးထဲထည့်ပါ။ ပြီးရင် ကြက်သားနှင့် ပါဝင်ပစ္စည်းများအားလုံးကို ထည့်ပြီး ​ရေခမ်း ကြက်သားနူးအိလာတဲ့အထိ မီးအနေအတော်လေးနဲ့ ပေါင်းပါ။ ရေးခမ်း ကြက်သားနူးအိပြီး အရောင်းလှလာရင် ရပါပြီး.......။

image