1 ရက် - ဘာသာပြန်ပါ။

မုန်လာဥ ဟင်းချို (မုန်လာဥ ကြက်ရိုးဟင်းချို ပြုတ်နည်း)
ရာသီဥတုလေးနဲ့လည်းလိုက်ပြီး ထမင်းနဲ့ ဟင်းချိုအနေနဲ့ သောက်လို့ရသလို ခေါက်ဆွဲလေးထည့်ပြီး မုန်လာဥခေါက်ဆွဲပြုတ် အနေနဲ့စားရင်လည်း အရမ်းကောင်းပါတယ်။
အရည်သောက်ကြိုက်တဲ့သူတွေ ကြိုက်မှာသေချာပါတယ်။
ဆေးဘက်ဝင်မုန်လာဥကို ချဥ်ဟင်းချက်စားရတာရိုးသွားရင် ဒီလိုလေးပြုတ်သောက်ကြည့်နော်.......။😋😋😋
ပြုလုပ်နည်း.......
ကြက်ရိုးတကောင်ကို အနေတော်တုံးပြီး ရေဆေးသန့်စင်ထားပါ။
(အသား၊ ပေါင် ကြိုက်တာနဲ့ လုပ်လို့ရပါတယ်။ ကျွန်မကတော့ ကြက်ရိုးကို ပိုကြိုက်ပါတယ်။)
* ကြက်သွန်နီ ၁ လုံး
* ကြက်သွန်ဖြူ ၁ လုံး
* နံနံပင်အမြစ် ၃ ခု
* ငရုပ်ကောင်း (ထောင်းထည့်လည်း ရပါတယ်)
ကြက်သားမှုန့် အသင့်အတင့်၊ ဆား အနည်းငယ်၊ ကျန်တဲ့အရသာအများကြီးမထည့်တော့ပါဘူး။ မုန်လာဥကလည်းချို ကြက်ရိုးကလည်းပြုတ်လိုက်ရင် အချိုရည် ထွက်အုံးမှာပါ။
ပြီးရင် ရေမြုတ်အောင်ထည့်ပြီး နူးအောင် တည်ထားပါ။
ပြီးရင် မုန်လာဥ သုံးလုံးလောက်ကို ကိုယ်အဆင်ပြေသလို လှီးထားပါ။
ကြက်ရိုးပြုတ်တာ နာရီဝက်လောက်ကြာရင် မုန်လာဥတွေ ထည့်ပါ။
မုန်လာဥ ထည့်ပြီး မိနစ်နှစ်ဆယ်လောက် တည်ပေးပြီးရင် အရသာလေး ကိုယ့်စိတ်ကြိုက်မြည်းပြီး
ကြက်သွန်မြိတ် သို့မဟုတ် တရုတ်နံနံပင်လေး ထည့်ပေးပါ။
ဒါဆိုရင် အရမ်းကိုချိုသော သောက်လို့ကောင်းသော မုန်လာဥ ကြက်ရိုးဟင်းချိုလေး ရပါပြီးရှင့်.....။ 😋

image