ငါးဟင်းချက်တဲ့အခါ
••••••••••• တဆင့်ပြန်ပြီး မျှဝေပေးတာပါရှင့်
ပုံစံ၃မျိုးချက်လို့ရပါတယ်
ဆီသပ်ပြီးဆီသပ်တဲ့အထဲထည့်လုံးချက်တာရယ်
ဆီသပ်ပြီးရေနွေးလောင်းဟင်းရည်ဆူမှငါးထည့်တာရယ်
ငရုတ်သီးအနှစ်နဲ့ငါးကိုတခါတည်းလုံးပြီးချက်တာရယ်ပါ
ဆီသပ်ငါးထည်လုံးတဲ့အရသာကငါးအသားမာမာအရသာအပြည့်အဝဝင်တဲ့အရသာ။
ဆီပြန်နဲ့လိုက်ဖက်ပါတယ်
ဟင်းရည်ဆူမှငါးခပ်ရင်တော့ငါးရဲ့သဘာဝအရသာနူးနူးညံညံ့လေးဖြစ်တယ်
ငါးကျီး၊ငါးခူစတဲ့အကြေးခွံမပါသောငါးချက်ရင်ဟင်းရည်ဆူမှထည့်တာပိုစားကောင်းပါတယ်
ချွဲကျိကျိမဖြစ်စေပါဘူး
ငါးသလောက်လဲပင်လယ်ငါးသလောက်ဆိုဆီသပ်လုံးချက်ရင်အနှစ်ကဆီဂျီးနံ့လိုလိုနံတတ်ပေမယ့်ဟင်းရည်ဆူမှထည့်ချက်ရင်အနံလေးတော်တော်မွှေးပြီးနူးညံ့တယ်
ရေချိုချက်ဆိုရင်တော့ငရုတ်သီးအနှစ်နဲ့တခါတည်းလုံးချက်တာနဲ့လိုက်ဖက်ပါတယ်
လုံးချက်တဲ့အနံ့နဲ့ငါးရေချိုချက်ကလိုက်ဖက်ပါတယ်
ပန်းခရေချက်ရင်းသိလာသလောက်မျှဝေတာပါရှင်
