ပိန္နဲသီးအစပ်ချက်
----------------------
ပါဝင်ပစ္စည်းများ
• ပိန္နဲသီးအစိမ်း - ၂ ကွင်း
• ငရုတ်သီးစိမ်း - ၁၀ တောင့် (ထောင်းထားပါ)
• ကြက်သွန်ဖြူ - ၄ မြွှာ (ထောင်းထားပါ)
• နံနံပင် - အနည်းငယ်
• ပဲပုပ်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း (ကင်ပြီး ထောင်းထားပါ)
• ခရမ်းချဉ်သီးအနှစ် - ထမင်းစားဇွန်း ၁ ဇွန်း
• ဆား - အနည်းငယ်
• ရေ - အနည်းငယ်
• သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ခရမ်းချဉ်သီးမှည့် - ၁ လုံး (ကြေအောင် ခြေထားပါ)

ပြုလုပ်နည်း
၁။ ပိန္နဲသီးကို အူတိုင်ထုတ်၍ ၁ လက်မအရွယ် ဖြတ်ထားပါ။ ပြီးလျှင် ရေ ပွက်ပွက်ဆူထဲ ဆားအနည်းငယ်ထည့်ပြီး ၁၀ မိနစ်ခန့် ပြုတ်ပါ။ ပြီးလျှင် ၎င်းကို ဆယ်ယူပြီး ရေအေးနှင့် ဆေးထားပေးပါ။
၂။ ဒယ်အိုးထဲ ပိန္နဲသီးပြုတ်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ပဲပုပ်မှုန့်၊ အရသာအားလုံးထည့်ပြီး လုံးချက်ချက်ပါ။

image