1 ရက် - ဘာသာပြန်ပါ။

#ကျမ အခုချက်တာ ဝက်သားပါ ။ဝက်သား မစားရင် ကြိုက်ရာ အသားတခုခု နဲ့ချက်ပါ ။
ဝက်သားအသားချည့် ၃၅ကျပ်သား
ပဲစိမ်းဗူးဝက်
ကြာစွယ် ၁၅ကျပ်သား အခွံပါးလေးတွေခြစ် ။ဆေးပြီး လှီး ထားပါ ။
ပထမဆုံး ဒယ်အိုးထဲကို ဂျင်းကြက်သွန်ဖြူနီ ထည့်ပြီး ဆီ၁၅ ကျပ်သား နဲ့ ဆီသတ်ပါ ။နနွင်းနဲနဲ နဲ့ငြုတ်သီး အကြမ်းမှုန့် ထမင်းစားဇွန်း ၁ဇွန်း လောက်ထည့်ပါ ။
ဝက်သားကို ရေဆေး အတုံး သေးသေးလေးတွေ တုံးပြီး ငါးမှုန့် ငြုတ်ကောင်းမှုန့် ပဲငံပြာရည်သင့်သလောက် ထည့်ပြီး မိနစ် ၂၀ လောက် နှပ်ထား ပြီးသား ဝက်သား တွေကို ငြုတ်သီး မကြွပ်ခင် ထည့်ပါ ။ပြီး မာလာရှမ်းကော ထဲ ထည့် တဲ့ အမှုန့် ၂ မျိုးကို လဘက်ရည် ၁ဇွန်း စီလောက်ထည့်ပြီး ၃ မိနစ်လောက် မွှေ ပေးပါ ။ အနံ့ မွှေးလာပြီး ဝက်သားက အပေါ်ယံ ကြက်တဲ့ပုံ ပေါက်မှ ရေ ခပ်စပ်စပ် လေးထည့်ပါ ။အဖုံးအုပ်ထားပါ ။ရေ တွေ ခမ်းလာပြီး နောက် တခေါက် ရေစပ်စပ် လေးထပ်ထည့်ပါ ။အဖုံး ခဏ ပဲအုပ်ပြီး ရေ ကျန်နေ သေးတုန်းမှာ ကြာစွယ် ထည့် ။အပေါ့ အငံ ထပ်မြည်း ငါးမှုန့် ပဲငံပြာရည် လိုရင် ထပ်ထည့်ပါ ။အခု အရသာက အချဉ် မပါပဲ စပ်ပြီး မွှေးပါတယ် ။နောက်ဆုံးဗူးနဲလာတဲ့ပဲ ဗူးဝက် ထည့်သမ အောင်မွှေပါ ။အရသာ အနေတော် ရေခြောက်ပြီး ဆီပြန်လာရင် မီးဖိုက ချပြီး စားလို့ရပါပြီ။

image