1 ရက် - ဘာသာပြန်ပါ။

🌺 မိုးကြိုပန်း (သို့) မိုးဆမ်းပန်း (သို့) Rain Lily 🌺
နာမည် အမျိုးမျိုးခေါ်ကြပေမယ့် တူညီတာတစ်ခုကတော့ ဘယ်လမှာရွာရွာ ပထမဆုံး မိုးရွာတာနဲ့ ရက်ပိုင်းအတွင်း သူတို့ပွင့်တာပါပဲ။ ဖေဖော်ဝါရီမှာ အချိန်ခါမဟုတ် ရွာလည်း မိုးရွှဲအောင်ထိတာနဲ့ သူတို့ပွင့်ချတာပါပဲ
ပုံမှန်ဆို သူတို့က ဆောင်းနဲ့နွေကို ဥအဖြစ်နဲ့နေပြီး
မေလလောက် မိုးတွင်းအဝင် မိုးဖြိုင်တဲ့အချိန်က သူတကယ်ပွင့်တဲ့သူ့ရာသီပါ
မြေကြီးထဲမှာ ပန်းဥတွေကအများကြီး ပွါးလဲပွါးမြန်တော့ မိုးရွာတိုင်း တခင်းပြီးတခင်း ဥအကုန်
ကုန်တဲ့ထိ ဝေနေအောင်ပွင့်တာ ဓာတ်ပုံဆရာတွေအကြိုက်ပေါ့။
မိုးကြိုပန်းတွေက မျှော်လင့်ခြင်း၊ အသစ်တဖန်ပြန်လည်မွေးဖွားခြင်းကို ဖေါ်ဆောင်ပြီး အဖြူရောင်ဆိုရင် purity, ခရမ်းဆိုရင် pride, ပန်းရောင်ဆိုရင် love ဆိုတဲ့ ထူးခြားတဲ့သင်္ကေတ လေးတွေနဲ့ပါ။
အောင်ပန်းမြို့၊ သာမိုင်းခမ်းရွာဝန်းကျင်မှာ မိုးကြိုပန်းတွေပွင့်ရင် အခင်းလိုက်ကြီးပွင့်​တော့ အရမ်းလှပါတယ်။ လမ်းမကြီးနှင့် နီးနီးနားနားမှာ ​တွေ့ချင်ရင်​တော့ အောင်ပန်းမြို့ ဟိုတယ်နှင်း​ရွေရည် ​​​ဘေးခြံဝန်းကြီးထဲမှာ ရှိပါတယ်။
သဘာ၀ကပေးတဲ့ ပန်းတွေမရိုးနိုင်အောင်ပွင့်တဲ့ ရှမ်းပြည်ပါရှင်

image