ပရန္နဝါပင် အကြောင်း
.........................
ပရန္နဝါ ပါးပါးလွှာ ၊ သကာ ပျားနှင့်ချက်
ဒန့်ဒလွန် ပွင့် ၊ အုန်းဆံရင့် ၊ ချင့်၍ လျော်အောင်ဆက်
မင်းတုန်းမင်းခေါင် ၊ သူသုံးဆောင်
ဘုန်းရောင်နေသို့တက်
ဒန္တာ သံမှိုနှက် ၊ အသံ ကရဝိတ်ငှက် ၊ ကေသာ ပိတုန်းရောင်နက်
ဟူ၍ ပရန္နဝါ ပင်အကြောင်း ကဗျာ ဖွဲ့ဆိုထားပါတယ်
အသုံးပြု ပုံ
ပရန္နဝါ အရွက်ကို နွားနို့နှင့် သောက်ပါက ဆီးပူ ညောင်းကျရောဂါ
ဆီးအောင့်ရောဂါ ပန်းသေရောဂါနှင့် အဖျားရောဂါတို့ကို သက်သာ
စေရုံမက အသက်ရှည်စေပြီး ခွန်အားတိုးစေပါသည် ။
အရွက်ကို ငါးကြင်းသားနှင့် ရောချက်စားပါက ကိုယ်တခြမ်းသေ
ရောဂါ သက်သာပျောက်ကင်းစေသည် ။
မီးဖွားပြီးစ အမျိုးသမီးများ နို့မထွက်လျှင် ပရန္နဝါ ကို ဟင်းခါးချက်သောက်ပါက နို့ထွက် စေပြီး ၊ နို့နာ နို့ကိုက် ၊ သကျည်းကိုက်ရောဂါများ
သက်သာ ပျောက်ကင်းစေပါသည် ။
ခန္ဓာကိုယ်ပြင်ပ၌ ရောင်ရမ်းခြင်းအတွက် အရွက်ကို ထုထောင်းကြိ
တ်ချေ၍ ကျပ်စည်းပေးနိုင်ပါသည် ။
ပရန္နဝါ အရွက်ကို ကြိတ်မှန်ရွက်သတ္တုရည်နှင့် ရောသောက်ပါက
မီးယပ်ရောဂါ သက်သာပျောက်ကင်းစေသည် ။
ဒန့်ကျွဲစေ့နှင့် ပရန္နဝါ ရောစားခြင်း လိမ်းခြင်းပြုလုပ်ပါက ပွေးရောဂါ
သက်သာ ပျောက်ကင်းစေပါသည် ။
အသည်း ရောင် အသားဝါ ရောဂါ ၌ ပရန္နဝါ သတ္တုရည် ဟင်းစားဇွန်း
(၁)ဇွန်းကို တစ်နေ့ တစ်ကြိမ် သောက်ပေးနိုင်ပါသည် ။
ပေါက်ရာဒေသ
မြန်မာနိုင်ငံ အနှံ့အပြား တွင် ပေါက်ပါတယ်
အသုံးပြုသည့် အစိတ်ပိုင်း-
အရွက် ၊ အမြစ် ၊ ပင်စည်
အင်္ဂလိပ် အမည် - Hog weed
ပါဝင်သော ဓာတု ဒြပ်ပေါင်းများ
Alkaloid
amino acid
glycoprotein
flavone
glycoside
rotenoids and steroids
တို့ ဖြစ်ပါတယ်။

image
image
image