1 d - Translate

"အဖေဆုံးသွားတော့ အိမ်မှာ ယောက်ျားသားဆိုလို့ ကျနော်ပဲ ကျန်ခဲ့ပါတယ်။ မွေးချင်းတွေအာလုံးထဲမှာ ကျနော်က တစ်ဦးတည်းသော သားလေ။
အမေ ရုန်းကန်ခဲ့ရတာတွေ မြင်ခဲ့တယ်။ ဒီကြားထဲကနေ ကျနော် သုံးချင်တာ သုံးလို့ရအောင် Credit ကဒ် ထုတ်ပေးသေးတာပါ။
အဲတော့ အမေကို ပြန် လုပ်ကျွေးပြုစုဖို့က ကျနော့် တာဝန်ပါပဲ။
အိမ်လှလှလေးတွေ မြင်ရင် သူငယ်ချင်းတွေဘက် လှည့်ပြီး ၊ တနေ့တော့ ငါအမေတွက် ဒီလို အိမ်မျိုးဝယ်ပေးမယ် ဆိုပြီး ပြောဖြစ်ခဲ့ပါတယ်။
အိမ်ဝယ်ထားတာ ကြာပါပြီ။ ရေးစူရူယာ နဲ့ ပွဲအပြီး ကတည်းက ဝယ်တာပါ။ စာရွက်စာတမ်းကိစ္စတွေ ၊ ပိုင်ဆိုင်မှုတွေ လုပ်ရတာ ကြာနေတာနဲ့ ချမပြဖြစ်တာပါ။
အမေကတော့ အဲဒီကိစ္စတွေ အကုန်လုံး ဘာမှ မသိခဲ့ပါဘူး။ ကျနော်က စပရိုတ်တိုက်ချင်တဲ့ အတွက်ကို တိုးတိုးတိတ်တိတ် လုပ်ခဲ့တာ ဖြစ်ပါတယ်"
Van

image