2 d - Translate

ဝတ္ထုမဟုတ်သော်ငြား၊ ဝတ္ထုတပုဒ် ဖတ်ရသည့်
အလား၊ ကိုယ်တွေ့နှင့် ယှဉ်သော မောင်ထင်၏
စာပေလက်ရာ။
ဒီနေ့ ကျွန်ုပ်တို့ကို ခြိမ်းခြောက်နေတဲ့ အကျင့်
ပျက်မှုနဲ့ အနှီ အကျင့်ပျက်မှုကြောင့် မြန်မာ့
လူမှုဓလေ့စရိုက်တို့ ကျွမ်းထိုးမှောက်ခုံ ပျက်စီး
ကျဆုံးလုဖြစ်နေရခြင်းတွင် ဆရာမောင်ထင်၏
ကြီးစွာသော စိုးရိမ် ထိတ်လန့်မှု။
သို့နှင့် အတိတ်၏ ကောင်းကွက်ကို ဖော်၍
အနာဂတ်သို့ လှမ်းမျှော်သော မြန်မာ့လူမှုရေး
အခြေပြ ရသစာတမ်း ။ —သို့တည်းမဟုတ်—
ကိုယ်တွေ့ မှတ်တမ်း။
‘ကိုဒေါင်း’ ကို လည်းကောင်း
‘ငဘ’ ကို လည်းကောင်း အကြောင်းပြု၍
စွဲမက်ကုန်သော ဆရာ မောင်ထင်၏
ပရိသတ်တို့သည် #မြင်ဝါတောင် ကိုလည်း
တစိမ့်စိမ့် စွဲမက်ကြချိမ့်မည်၊ နှစ်ခြိုက်ကြ
ချိမ့်မည်။ သို့နှယ် ယုံကြည်သည့်အလျောက်—
စာပေဗိမာန်က ပထမအကြိမ်၊ ပင်နီစာပေတိုက်က
ဒုတိယအကြိမ် ထုတ်ဝေပြီးသော မြင်ဝါတောင်ကို
နှစ်ပေါင်း၂၀ကျော်မျှအကြာတွင် ဇော်ဂျီဖိုလ်ဝင်က #လက်ရွေးစင်စာအုပ် အဖြစ် ဂုဏ်ယူထုတ်ဝေခြင်း။
လက်ရွေးစင် ဟူသည်နှင့် အညီ
အတွင်းသရုပ်ဖော်ပန်းချီများ—
—အက္ခရာစဉ်အညွန်း နှင့် အောက်ခြေမှတ်စု
စသည်ဖြင့် ခံ့ထည်စွာ ပြုလုပ်ထုတ်ဝေမှု။

image