Galaxy S Series အပြင် Foldable ပါ Ultra စထုတ်ပြီ 👀
.
Samsung ကနေ ထူးထူးခြားခြား ဒီနှစ်မှာ "Meet the Next Chapter of Ultra" ဆိုပြီး Foldable ဖုန်းကိုပါ Ultra နာမည်တပ်ပြီး မိတ်ဆက်မယ်ဆိုပြီး တရားဝင်ကြေညာလိုက်ပါတယ်။
ဒီ Ultra Foldable ဖုန်းက လက်ရှိ Galaxy Z Fold6 လိုမျိုး ဒီဇိုင်းပဲဖြစ်ပေမယ့် သိသိသာသာပိုကောင်းလာမှာပါ။ Samsung ဘက်က ပြောထားသလိုဆိုရင် User တွေဘက်က ပိုကြီးမားတဲ့ Display | ပိုကောင်းတဲ့ Camera နဲ့ ချိတ်ဆက်ဖန်တီးနိုင်တဲ့ နည်းလမ်းအသစ်တွေကို တောင်းဆိုနေကြတာကြောင့် နောက်ထပ်တစ်ဆင့်ပိုတက်ပြီး Ultra Device အသစ်ကို မိတ်ဆက်မှာဖြစ်ပါတယ်။
အခု Ultra Foldable ဖုန်းအသစ်ဟာ Upgrade တွေအများအပြားလုပ်ထားမယ့်အပြင် ပိုသေးပြီး ပိုကိုင်ရအဆင်ပြေ၊ ပို Portable ဖြစ်မယ်ဆိုပြီးလည်း ပြောထားသေးတယ်။ ပြီးတော့ ထုံးစံအတိုင်း AI ပိုင်းမှာလည်း အကောင်းဆုံးဖြစ်လာဦးမယ်ဆိုပဲ။
ဒီလိုမျိုး Ultra Foldable ထုတ်မှာက တစ်ဖက်မှာ Chinese Foldable ဖုန်းတွေက အရမ်းပိုပါးအောင်ထုတ်လာကြတာကြောင့်လည်းဖြစ်နိုင်တယ်။ ပြီးတော့ Galaxy S Series လိုမျိုး Ultra ကို စျေးထပ်တင်ပြီး နောက်ထပ် Model တစ်ခုအနေနဲ့ ၂ မျိုးခွဲရောင်းမလား၊ Galaxy Z Fold7 ကိုပဲ နာမည်ပြောင်း၊ Upgrade ပိုလုပ်ပြီး Ultra ဖြစ်လာမလားပဲ။
ဘာပဲဖြစ်ဖြစ် ပုံမှန် Galaxy Foldable ဖုန်းတွေက ဇူလိုင်လကုန်၊ သြဂုတ်လဝန်းကျင်မှာ မိတ်ဆက်နေကြဆိုတော့ သိပ်မစောင့်ရလောက်တော့ပါဘူး 👀
