3 ရက် - ဘာသာပြန်ပါ။

❝ ဘာကိုရှာတာလဲ ❞
သားပျောက်ရှာ
သမီးပျောက်ရှာ
လင်ပျောက်ရှာ
မယားပျောက်ရှာ
ဘာဖြစ်မလဲ ။
ဒီဝတ္ထုထဲမှာ
ဆန်းကြယ်တဲ့ ကံကြမ္မာအကြောင်းပါမယ်။
ခေတ်တစ်ခုကိုဖြတ်သန်းရင်း တွေ့ရမယ့်
ရက်စက်တာတွေ၊ ကြမ်းကြုတ်တာတွေ ၊
ပုထုဇဉ်သဘာဝရဲ့ရမ္မက်တွေ ၊ ပူလောင်မှုတွေ။
ဒါတွေအားလုံးကို ' Yu Hua ' က
သူ့စတိုင်အတိုင်း ကွက်ကွက်ကွင်းကွင်း
ထိထိမိမိ အသေးစိတ် ပြထားတယ်။
စကိုင်လိုက်မိရင် ဆုံးတာတောင်
လက်ကမချနိုင်သေးပဲ ဇာတ်ကောင်တွေကို
တသသလွမ်းနေအောင် လုပ်ထားနိုင်တာတော့
' ရှာတော်ပုံ ' ဝတ္ထုရဲ့
အားသာချက်လို့ ပြောရလိမ့်မယ်။
‘ရှာတော်ပုံ‘ ထဲက အရေးအသားအချို့ကတော့ -
• အောင်သွယ်မက
ရှောင်မေနဲ့ ဇာတာ မစပ်ခင်
ဇာတာစာရေးခဲ့သေးသလားလို့
လင်းသျှန်ဖူကို မေးတယ်၊ ဇာတာစာက
ဘာလဲဟင်လို့ လင်းသျှန်ဖူက ပြန်မေးတော့
အောင်သွယ်မလည်း ‘အာ ယာ ..’ ဆိုပြီး
ကိုယ့်ပေါင်ကိုယ်ပုတ်ကာ -
“လောကကြီးမှာ ဒီလို ထူးဆန်းအံ့ဖွယ်တွေလည်း
ရှိသေးပါကလားနော်၊ ဇာတာမစပ်
ဇာတာ စာမရေးဘဲနဲ့ ယောက်ျားနဲ့ မိန်းမ
မင်္ဂလာဦး အိပ်ခန်းထဲ ဝင်ကြရောလား” လို့
ပြောလိုက်တယ်။
• ဓားစာခံ ၂၂ ယောက်မှာ
နားရွက် ၂၂ ဖက် လျော့သွားပြီး
သူတို့က တစ်ယောက်ကိုတစ်ယောက်
ကြည့်နေရင်း တစ်ခဏအတွင်း အများကြီး
ပိန်ကျသွားပါလားလို့ အောက်မေ့မိကြတယ်။
ရေပေါ်ရှပ်နဲ့ ဓားပြအချို့က သူတို့နား
ဖြတ်လျှောက်ပြီး နားရွက်ပြတ်တွေကို
ပြုံးဖြဲဖြဲနဲ့ ထုတ်ပြကြတယ်။ ရေပေါ်ရှပ်က
သူတို့ကို ပြောတယ်။
“မင်းတို့ နားရွက်ပြတ်တွေကို တွေ့တယ်နော်၊
သူ့မေတဲ့မှ ပြန်ပေးရွေးငွေ နောက်ထပ်
ပို့မလာဘဲ နေလို့ကတော့ မင်းတို့
ခေါင်းတွေကိုပါ ဖြတ် ပစ် မယ်”
• ကုမိသားစုက သူဌေးသားဟာ
ချမ်းသာသလောက် ရက်ရောမှုတော့ မရှိပေဘူး။
သူက ဇိမ်မယ်တွေကို တစ်ဝက်ဈေးပဲ ပေးတယ်။ အကြောင်းပြချက်ကတော့ သူ့အရပ်က
အရွယ်ရောက်ပြီး ယောက်ျားအရပ်ရဲ့
တစ်ဝက်ပဲရှိလို့ တစ်ဝက်ဈေးပဲ
ပေးသင့်တယ် ဆိုပဲ။ ကုထုန်ညန်ဟာ
အသက်သာငယ်တယ်၊ လောဘကတော့
အင်မတန်ကြီးတယ်။ ဇိမ်မယ် တစ်ခါခေါ်ရင်
နှစ်ယောက်ခေါ်တယ်။ ဇိမ်မယ်တွေကလည်း
တစ်ဝက်ဈေးနဲ့ လိုက်ရတယ်ဆိုပေမယ့်
အဲ့ဒီနှုတ်ခမ်းမွေးမပေါက်သေးတဲ့
ကောင်ဆိုးလေးကို နှစ်ယောက်တစ်ယောက်
ဆက်ဆံရမှာဆိုတော့ မပင်မပန်း
သက်သက်သာသာ ရှိလိမ့်မယ်လို့ ထင်မိကြတယ်။ ဇိမ်မယ်တွေဟာ ခုတင်ပေါ် ရောက်တာနဲ့
တစာစာ ညည်းတွားကြရရှာတော့တာပဲ။

image