1 d - Translate

❛ မောင်ချောနွယ်ဆန်သွားသောနေ့များ ❜
• • •
အယူမှန်သူအတွက် အယူခံမလို
ကမ္ဘာကြီးအတွက်
ညတိုင်းသီချင်းတွေ ဆိုခဲ့တယ်။
ထောင့်ချိုးများ လင်းဖို့ ဆုတောင်းရင်း
မျဉ်းဖြောင့်တစ်ကြောင်းလို နေခဲ့တယ်။
အပင်ကိုချစ်လို့
အမြစ်ကို ရေစင်လောင်းရင်း
အကြမ်းဆုံးမြစ်ကို ဆန်ခဲ့တယ်။
အလိုလိုကြွေကျတဲ့
သစ်သီးများသာစားသုံးရင်း
ဟောဒီ
ကမ္ဘာလောကရဲ့ ချောင်းလေးတစ်ခုမှာ
အရေးမပါတဲ့ ငှက်ကလေးတစ်ကောင်လို
ငါ့အနုပညာနဲ့သာ ငါနေထိုင်ရင်း
အလင်းဓာတ်ကို မြတ်နိုးခဲ့ပါတယ်။
ရေဆူအမှတ်မှာ မီးခိုးအူအူနဲ့ ဆန်တက်မြဲ
ဘယ်လက်ဝှေ့ပွဲမှ မထိုးခဲ့ပါ။
ဘယ်ပြေးပွဲပြိုင်ပွဲမှလည်း မပါဝင်ခဲ့ပါ။
ခု အသက် ၅၃ နှစ်ထဲရောက်ချေပေါ့
နာတာရှည်ရောဂါ နဲ့
သူများလက်ဆောင်ပေးတဲ့ ပန်းသီးလေး
ခွဲမစားဖြစ်သေးပါ ။ ။
▫️မောင်ချောနွယ်▫️
× × × × × ×

image