1 ရက် - ဘာသာပြန်ပါ။

" သံသရာ အဆက်ဆက် ဆုံပါရစေ "
ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာက ပန်ထွာဘုရင်မနှင့် ယခု ကြေးမုံတာရာဆိုတဲ့ အမျိုးသမီးနှစ်ဦး၏ ဇာတ်လမ်းကို ပေါင်းစည်းထားသည်မှာ အံသြဖွယ်ဖြစ်ပါသည် ။
ဘယ်ဘဝရောက်ရောက် အင်းကြီးကန်မှာပဲ စောင့်နေမယ်ဆိုတဲ့ မဦး နှင့် ရှေးဟောင်းပုတီးလေး တစ်ကုံးရဲ့ နောက်ဆက်တွဲ ။
ဆယ်နှစ်အရွယ်ကတည်းက ရှေးဟောင်း သုတေသနကို ဝါသနာပါခဲ့သည့် ကြေးမုံတာရာ ။ အိုးခြမ်းကွဲ ဘုရင်မလို့အခေါ်ခံရလောက်တဲ့အထိ အိုးခြမ်းကွဲတွေကို စိတ်ဝင်စားတဲ့ ကြေးမုံတာရာ ။
ရှေးခေတ် လူသားတွေရဲ့အစ ပေါ်ပေါက်လာခဲ့တဲ့ အမည်လေးတွေကို အချင်းချင်း ခေါ်ဝေါ်ကြတဲ့အခါ ကြည်နူးဖို့ကောင်းလေရဲ့။ " နီယို နဲ့ လူစီ " တဲ့။
ရှေးဟောင်းကို စိတ်ဝင်စားတာချင်းတူသည့် အိုးခြမ်းကွဲလေးတွေကို မြတ်နိုးပုံခြင်းတူသည့် စိတ်နေသဘောထားခြင်း တိုက်ဆိုင်လှသည့် နီယိုနှင့်လူစီ ။
"မင်းအောင်မြင်တိုင်း မင်းဘေးမှာ ကျုပ်ရှိမယ် "
" ရှုံးနိမ့်ရင်ရော.... "
" ရှိနေမှာပဲ..."
ပါရမီဖြည့်ဖက်ကောင်း သင်္ခ နှင့် မဏိတို့၏ တွေ့ဆုံခန်း ၊ ချစ်ရေးဆိုပြီးနောက်နေ့ ခရီးထွက်ခဲ့တဲ့ သင်္ခ နှင်းဝေနေတဲ့မနက်ခင်း မြင်းနှင့် နောက်မှလိုက်ခဲ့သည့် မဏိ ၊ သာယာအေးချမ်းသော ဘဝကို ပိုင်ဆိုင်ထားသော်လည်း နိုင်ငံအရေး၊ စစ်ရေး၊ လှံရေး၊ ဓားရေးတို့ကို စိတ်ဝင်စားသည့် မဏိ။
တောက်ပဖို့အတွက် လောင်ကျွမ်းရတာမို့ ပူလောင်ရတဲ့ ဘဝကို သမီးငယ်မဏိကို မရစေချင်သော်လည်း မဏိသည် စိတ်ဝင်စားမှု လေ့လာမှုကို ဘယ်သောအခါမှ တားစီးခြင်းမရှိခဲ့သည့် မဏိဖခင် ။
ပန်ထွာဘုရင်မ ဖြစ်လာသည့်အခါ နဂါးဗျက်ဆောင်းလေးဘဝလို ချစ်သူရင်ခွင် လွပ်လပ်စွာ တိုးဝင်ခွင့်မရတော့တဲ့ နေရက်တွေကို ကြေကွဲစွာ မြင်တွေ့ရပေဦးမည် ။
အိုးခြမ်းကွဲ ဘုရင်မ ကြေးမုံတာရာ နှင့် ပန်ထွာဘုရင်မ မဏိပန်ထွာ နှင့် မည်သို့ ဆက်စပ်နေသနည်း ။
( ဒီစာအုပ်လေးထဲမှာ ကျမအကြိုက်ဆုံးအပိုင်းကတော့ အမျိုးသမီးနှစ်ယောက်ရဲ့ လက်တွဲဖော်ပါပဲ ။ ပါရမီဖြည့်ဖက်အဖြစ် မဏိပန်ထွာကို ဖြည့်စည်းပေးတဲ့ မဏိပန်ထွာရဲ့ဘဝရယ် ပါရမီဖြည့်ပေးဖို့ သက်သက် ဘေးနားခေါ်ထားခြင်းခံခဲ့ရတဲ့ ကြေးမုံတာရာဆိုတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ ရှင်သန်ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်း မတူညီပုံကို ကျမစိတ်ဝင်စားမိသည် ။)
Myar
စာဖတ်ခြင်းသည် သင်၏အနာဂတ်ကိုတိုးတတ်ပြောင်းလဲစေသည်။
Review by- #myarreview
#အိပ်မက်ဆက်ကြိုး
#ပုညခင်

image