12 နာရီ - ဘာသာပြန်ပါ။

စိတ်ခံစားချက်နားလည်နိုင်စွမ်းမှာ လူထက် AI အပြတ်သာ
ဆွစ်ဇာလန်က ပညာရှင်တွေဟာ လူနဲ့ AI ကြံကြံဖန်ဖန် နှိုင်းယှဉ်တဲ့ စမ်းသပ်ချက်တစ်ခု လုပ်ပါတယ်။
စိတ်ခံစားမှု ဉာဏ်ရည်ပြစစ်ချက်လို့ ခေါ်ရမယ့် Emotional Intelligence Test တွေ လုပ်ပြီး စမ်းသပ်တာပါ။ ပြောရရင် ခံစားချက်တွေကို နားလည်ကိုင်တွယ်နိုင်စွမ်းမှာ လူ နဲ့ AI ဘယ်သူက သာမလဲ လေ့လာတာမျိုးပါ။ စိတ်ခံစားချက်တွေ နှိုးဆွပြီး အဲ့ဒီအပေါ် ဘယ်လို တုံ့ပြန်လဲ အကဲဖြတ်တာလို့လည်း ဆိုနိုင်ပါတယ်။
ဥပမာ - အလုပ်မှာ ဝန်ထမ်းတစ်ယောက် အိုင်ဒီယာအခိုးခံလိုက်ရရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာမျိုး စမ်းသပ်တာတွေ ပါပါတယ်။ အခု EI စမ်းသပ်ချက်မှာ AI models ထဲက ChatGPT -4 နဲ့ o1, Claude 3.5 Haiku , Gemini 1.5 Flash ၊ DeepSeek V3 ၊ Copilot 365 ဆိုပြီး Generative AI ၆ မျိုး သုံးသွားပါတယ်။
Emotional test ပိုင်းမှာ AI တွေက ၈၂% ၊ လူက ၅၆% နဲ့ လူထက် AI model တွေက အမှတ်အပြတ်သာခဲ့တယ်လို့ ဆိုပါတယ်။ test score အရဆို AI Models တွေက လူနဲ့ ယှဉ်ရင် ခံစားချက်တွေကို ပိုထိန်းချုပ်စေစားနိုင်ပြီး အမျှော်အမြင်ရှိတဲ့ တုံ့ပြန်မှုတွေ ပေးနိုင်မယ့်သဘောပါ။
စိတ်ခံစားချက်ကို နားလည်ပြီး အဲ့ဒီခံစားချက်ကို ကိုင်တွယ်တဲ့အပေါ် AI တွေက အမှတ်သာတာကို ဟာသလို့ ပြောနေကြသူတွေလည်း ရှိပါတယ်။ ခံစားချက်မရှိတဲ့ AI တွေက သူ့ကို Train ထားတဲ့ ဘာသာဗေဒနဲ့ စိတ်ပညာကို သုံးပြီး စာနာစိတ်ကို တုပပြရုံသက်သက်ပဲလို့ ဝေဖန်တာမျိုးပါ။
နောက်စိတ်ဝင်စားစရာကောင်းတာက ChatGPT ကို မေးခွန်းသစ်တွေနဲ့ ကိုယ်ပိုင် EI Test သစ် ဖန်တီးခိုင်းရာမှာ ပညာရှင်တွေ ဒီဇိုင်းထုတ်ထားတဲ့ အကဲဖြတ်မှုကို ယှဉ်နိုင်တဲ့ Test အသစ် ထွက်လာတာပါ။ ဒီ Test ကို လူ ၄၀၀ ကျော် ဖြေခဲ့ပြီး လူတွေဖန်တီးထားတဲ့ Test အတိုင်း လက်တွေ့ကျတယ်လို့ မှတ်ချက်ရခဲ့ပါတယ်။
"ဒီအချက်က AI တွေဟာ လူတွေရဲ့ စိတ်ခံစားချက်ကို နားလည်ရုံတင်မဟုတ်ဘဲ ခံစားမှုဉာဏ်နဲ့အညီ ဘယ်လိုပြုမူရမယ်ဆိုတာကိုပါ ပြနေတယ်" လို့ သုတေသနပညာရှင်အဖွဲ့ဝင် မာဆယ်လို မော်တီလာရိုက ပြောပါတယ်။
အခုသုတေသနကနေ ကျွမ်းကျင်သူတွေရဲ့ ကြီးကြပ်မှုအောက်မှာ AI အသုံးချမယ်ဆိုရင် လူတွေပဲ လုပ်နိုင်မယ်လို့ ယူဆထားတဲ့ ပညာရေး နဲ့ ပဋိပက္ခဖြေရှင်းရေးလို နယ်ပယ်တွေမှာ သုံးလို့ရလာနိုင်တယ်လို့ ပြောပါတယ်။
ဒီအတိုင်းဆို ရန်ပွဲတွေမှာ AI ဝင်ဖြေရှင်းပေးတာ မြင်ရမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

image