13 နာရီ - ဘာသာပြန်ပါ။

ယူနီကုတ်မသုံးတဲ့ ဖုန်းတွေ Facebook မှာ မြန်မာစာမှန်တော့မှာ မဟုတ်
ဒီလ ၂၆ ရက်နေ့က စပြီး ယူနီကုတ်မပြောင်းတဲ့ဖုန်းတွေ Facebook နဲ့ Messenger မှာ မြန်မာစာမမှန်တာတွေ ကြုံပါလိမ့်မယ်။
Meta Myanmar ကိုယ်တိုင် သတင်းထုတ်ပြန်ထားတာပါ။ ထုတ်ပြန်ချက်ထဲမှာ "ဇွန်လ ၂၆ ရက်နေ့က စပြီး မြန်မာဘာသာ (ယူနီကုတ်) နဲ့ မြန်မာဘာသာ (ဇော်ဂျီ) တို့အကြား အလိုအလျောက် စာသားပြောင်းလဲခြင်းကို Facebook မှာ မြင်ရတော့မှာ မဟုတ်ဘူး" လို့ ပါပါတယ်။
အကျိုးသက်ရောက်မှုအနေနဲ့ ယူနီကုတ်မပြောင်းထားတဲ့ ဖုန်းတွေက တခြားသူတွေ တင်ထားတဲ့ Facebook ပေါ်က ပို့စ်တွေ ဖတ်မရတာ၊ ကိုယ်တင်တဲ့ပို့စ်လည်း တခြားသူတွေဆီမှာ မြန်မာစာမမှန်တာတွေ နဲ့ ဇော်ဂျီကုတ်နဲ့ ရေးထားတဲ့ Facebook အကောင့်တွေ စာလုံးပေါင်း မှားနေတာတွေ ဖြစ်လာနိုင်ပါတယ်။
ဇွန် ၂၆ ရက် မတိုင်ခင် ကိုယ့်ဖုန်း Settings မှာ Language & Region (ဘာသာစကားနှင့် ဒေသ) ကနေ ယူနီကုတ်ဖောင့်ကို ပြောင်းထားဖို့ လိုပါတယ်။ ဖုန်းမော်ဒယ်ပေါ်လိုက်ပြိး ယူနီကုတ်ပြောင်းနည်း ကွဲနိုင်ပါတယ်။
ယူနီကုတ်ပြောင်းဖို့ အခက်အခဲရှိတယ်ဆိုရင်တော့ နီးစပ်ရာဖုန်းဆိုင် သွားပြီးဖြစ်စေ တရားဝင် vivo , OPPO , Xiaomi , Samsung , Huawei တို့ရဲ့ social media က ဖြစ်စေ အကူအညီတောင်းလို့လည်း ရနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ Unicode စံစနစ်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၂၀၁၉ အောက်တိုဘာ ၁ ရက်နေ့မှာ စတင်ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။

image