#နိုင်ငံတကာသတင်း
◼ အီရန်အားမကြုံစဖူးတိုက်ခိုက်မှုတွင်တိုက်လေယာဉ်အစင်း၂၀၀အစ္စရေးအသုံးပြုခဲ့၊ အမေရိကန်လုပ်တိုက်လေယာဉ်များလည်းပါဝင်
အီရန်အပေါ် မကြုံစဖူး တိုက်ခိုက်မှုများတွင် တိုက်လေယာဉ် အစင်း ၂၀၀ အသုံး ပြုခဲ့ ကြောင်း အစ္စရေး စစ်တပ် ကအစောပိုင်းတွင် ပြောကြားပြီးယနေ့ ထုတ်ပြန်ခဲ့သည့် ပုံရိပ်များအရ အီရန်အပေါ် လေ ကြောင်းတိုက်ခိုက်မှုတွင် အမေရိကန်လုပ် F-35၊ F-15 နှင့် F-16 တိုက်လေယာဉ်များလည်း ပါဝင်ခဲ့ကြောင်းမြင်တွေ့ရသည်။
Operation Rising Lion စစ်ဆင်ရေးအတွင်းအီရန်နျူကလီးယားနေရာများ၊ စစ်ဘက်ဆိုင်ရာနှင့် စစ်ဘက်ခေါင်းဆောင်ပိုင်းနေရာများအား တိုက်ခိုက်မှုတွင် ဒုံးကျည် ၃၃၀ အသုံးပြုခဲ့ပြီး တိုက်လေယာဉ် အစင်း၂၀၀ ပါဝင်ခဲ့ကြောင်း အစ္စရေးက ပြောကြားသည်။
အစ္စရေးတိုက်လေယာဉ်များသည် အီရန်အနောက်ပိုင်းရှိလေကြောင်းရန် ကာ ကွယ်ရေးစနစ်များအပေါ် အကြီးစားတိုက်ခိုက်မှုကို အပြီးသတ်လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ယနေ့တွင် ပြောကြားသည်။
“တိုက်ခိုက်မှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ရေဒါတွေနဲ့ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည် ဒါဇင်ပေါင်းများစွာကို ဖျက်ဆီးပစ်ခဲ့ပါတယ်။” ဟု IDF ကဆိုသည်။
အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးသိပ္ပံ (IISS) မှထုတ်ဝေသော “Military Balance 2025” စာအုပ်တွင်ဖော်ပြချက်အရ တိုက်ခိုက်မှုအစ္စရေးအသုံးပြုသော တိုက်လေယာဉ် အစင်း ၂၀၀ သည် နိုင်ငံတိုက်ခိုက်ရေးစွမ်းရည်၏ ၆၀ ရာခိုင်နှုန်း နီးပါးပါဝင်သည်ဟုဆိုသည်။
အမေရိကန်သည် အစ္စရေး၏ အဓိကလက်နက် တင်သွင်းသူအဖြစ် ကာလကြာ ရှည်ရပ်တည်ခဲ့သည်။
အဆိုပါ စစ်လေယာဉ်များသည် အမေရိကန်၏ လက်နက်စွမ်းရည်အ မြောက်အမြားကို ကိုယ်စားပြုပြီး ၎င်းတို့အားလုံးသည် အမေရိကန်တပ်ဖွဲ့များနှင့်အတူ အစ္စရေးတွင်လည်း တာဝန်ထမ်းဆောင်လျက်ရှိသည်။
အမေရိကန်ကုမ္ပဏီလော့ခ်ဟိမာတင်မှထုတ်လုပ်သော ပဉ္စမမျိုးဆက် F-35 ကိုယ်ပျောက်ဂျက်လေယာဉ်များသည် အစ္စရေးလေယာဉ်အုပ်စုတွင် ခေတ်အမီဆုံးဖြစ်ပြီး ၃၉ စင်းအထိရှိကြောင်း IISS ၏ အချက်အလက်များအရ သိရသည်။
အစ္စရေး၌ မက်ဒေါ်နယ်ဒေါက်ဂလပ်စ်ကော်ပိုရေးရှင်းမှ ပထမဆုံးထုတ်လုပ်သော ဂျက်လေယာဉ် F-15 မော်ဒယ်လ် ၇၅ စင်း နှင့် မူလထုတ်လုပ်သည့် ဂျင်နရယ်ဒိုင်းနမစ်နှင့်လက်ရှိလော့ခ်ဟိမာတင်တို့၏ F-16 အစင်းရေ ၂၀၀ နီးပါးရှိကြောင်း IISS အဆိုအရ သိရသည်။
ယင်းမတိုင်မီ အစ္စရေးကအီရန်အား တိုက်ခိုက်မည်ကိုမေရိကန်သမ္မတဒေါ်နယ်ထရန့် နှင့် အိမ်ဖြူတော် အကြီး တန်း အရာရှိများက မျှော်လင့်ထားပြီးဖြစ်ကြောင်းအဆိုပါကိစ္စနှင့်နီးစပ်သူ နှစ်ဦးက CNN ကို ပြောသည်။
အစ္စရေး၏တိုက်ခိုက်မှုများတွင် အမေရိကန် ပါဝင်ပတ်သက်မှု သို့မဟုတ် ကူညီပံပိုးမှု မရှိခဲ့ကြောင်း နိုင်ငံခြား ရေး ဝန်ကြီး မာကိုရူဘီယို ကငြင်းဆိုထားသည်။
သတင်း-လင်းခေတ်
ကိုးကား-CNN
