ကျွန်တော်တို့ရဲ့ နေမင်းကြီးဟာ သဘာဝ Nuclear fusion reactor ကြီးဖြစ်ပါတယ် ။ နေစကြာဝဠာတစ်ခုလုံးရဲ့ အကြီးဆုံး စွမ်းအင်အရင်းအမြစ်ကြီးဆိုလည်းမမှားပါဘူး။

နေရဲ့ အလယ်ဗဟိုမှာ များပြားလှတဲ့ Hydrogen atom တွေဟာ gravity ကြောင့် atom တွေဟာ ပေါင်းစပ်မှုဖြစ်ပေါ်ပြီး Helium atom ပေါင်းသန်းပေါင်းများစွာကို မွေးထုတ်ပေးနေပါတယ်။ နေ၏ ကြီးမားလှသော ဆွဲအား (gravity) ကြောင့် နေ၏ ဗဟိုပိုင်း core နေရာမှာ pressure နဲ့ အပူချိန် မယုံနိုင်လောက်အောင် မြင့်မားပါတယ်။

ဒီအပူချိန်က သန်းပေါင်း ၁၅ သန်း (15 million degrees Celsius) ခန့်အထိ ရောက်ရှိနိုင်ပါတယ်။

ကြယ်တွေဟာ ဟိုက်ဒြိုဂျင်ဘောလုံးကြီးတွေဖြစ်ကြပါတယ်။ တစ်နည်းပြောရရင် ဟိုက်ဒြိုဂျင်ဟာ ကြယ်တွေရဲ့ လောင်စာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က လောင်ကျွမ်းခြင်းကနေ စွမ်းအင်ထုတ်လုပ်တာမဟုတ်ဘဲ ပေါင်းစည်းခြင်းဖြစ်စဉ်နဲ့ စွမ်းအင်ထုတ်လုပ်တာ ဖြစ်ပါတယ်။ နေတစ်ခုလုံးဟာ ဟိုက်ဒြိုဂျင်ဖြစ်သော်လည်း ပေါင်းစည်းခြင်းဖြစ်စဉ်ဟာ နေရဲ့ တစ်နေရာတည်းမှာသာ ဖြစ်ပေါ်ပါတယ်။

အဆိုပါနေရာကတော့ နေရဲ့အလယ်အူတိုင်ပဲ ဖြစ်ပါတယ်။ နေရဲ့ ကျန်တဲ့အလွှာတွေမှာ ပေါင်းစည်းခြင်း ဖြစ်ဖို့ အပူချိန်နဲ့ ဖိအား လုံလုံလောက်လောက် မရှိကြပါဘူး။

image