#end

နေရဲဖွဲ့စည်းပုံမှာ များပြားလှတဲ့ Hydrogen atom တွေဟာ gravity ကြောင့် atom တွေဟာ ပေါင်းစပ်မှုဖြစ်ပေါ်ပြီး helium atom ပေါင်းသန်းပေါင်းများစွာကို မွေးထုတ်ပေးနေပါတယ်။ဒီလိုပေါင်းစပ်ရာမှာ hydrogen atom နှစ်ခုဟာ သူတို့ရဲ့ Mass အနည်းငယ်ကို nuclear ပေါင်းစပ်ကူးပြောင်းမှုဖြစ်စဉ်မှာ ပျောက်ဆုံးသွားရပါတယ်။ ဒီပျောက်ဆုံးမှုရဲ့ရလဒ်အဖြစ် Energy အသွင်ကူးပြောင်းသွားရပါတယ်။ဒါကိုတော့ Thermonuclear fusion လို့ခေါ်ပါတယ်။
Nuclear Fusion ရဲ့ စွမ်းအင်ထုတ်လုပ်နိုင်စွမ်းဟာ Fissionကြောင့်ရလာတဲ့ စွမ်းအင်ထုတ်လုပ်နိုင်မှု ထက် အဆပေါင်းများစွာ ပိုမိုများပြားပြီး၊ ကုန်ကြမ်းဖြစ်တဲ့ ဟိုက်ဒရိုဂျင် atom ကို ​နေရာအနှံကနေ အလွယ်တကူ ရရှိနိုင်ပါတယ်။စကြာဝဠာတစ်ခုလုံးမှာ အပေါများဆုံး atom က Hydrogen ဖြစ်ပါတယ်။ဒါကိုအသုံးချပြီး နောက်ပိုင်းမှာ Hydrogen ဗုံးလိုစွမ်းအားမြင့် ဖျက်အားပြင်းဗုံးတွေတီထွင်နိုင်ခဲ့ပြီးပါပြီ။နောက်ဆုံး စမ်းသပ်ထားတဲ့ Father of all bomb လို့ခေါ်တဲ့ tzar bomb ဟာ nuclear fission နဲ့ fusion ကို ပေါင်းစပ်တီထွင်ထားတာပါ။
ဒါ့အပြင် Fusion ဓာတ်ပြုမှုကနေ ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းတွေ Fission လို အများကြီး မထွက်ရှိတာကြောင့် သဘာဝပတ်ဝန်းကျင်အတွက် ပိုမိုဘေးကင်းတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့်လည်း Fusion စွမ်းအင်ဟာ ကမ္ဘာ့စွမ်းအင်ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် "သန့်ရှင်းစွမ်းအင်ရဲ့ ဘုရားသခင်ပေးတဲ့ ဆု" (holy grail of clean energy) အဖြစ် သတ်မှတ်ခြင်း ခံရတာပါ။
ဒါပေမဲ့ ဒီမှာမေးစရာရှိလာတာက Fusion စွမ်းအင်ဟာ ဗုံးအတွက် အသုံးချနိုင်ခဲ့ပြီးပြီ ဖြစ်ပေမယ့်၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့အတွက်တော့ ဘာလို့ အောင်မြင်အောင် မလုပ်နိုင်သေးတာလဲဆိုတဲ့ မေးခွန်းက ပေါ်လာပါတယ်။ အဓိက ခြားနားချက်က "ထိန်းချုပ်နိုင်မှု" ပါပဲ။
Fusion ဗုံး ရဲ့ ရည်ရွယ်ချက်က အချိန်တိုလေးအတွင်းမှာ အကြီးမားဆုံး ပေါက်ကွဲစွမ်းအားကို ထုတ်လွှတ်ဖို့ ဖြစ်ပါတယ်။ ဒီအတွက် Fission ဗုံးကို "trigger" အဖြစ် အသုံးပြုပြီး လိုအပ်တဲ့ အပူချိန် (သန်း ၁၅၀ ဒီဂရီစင်တီဂရိတ်ကျော်) နဲ့ ဖိအားကို တဒင်္ဂအတွင်း ဖန်တီးပေးပြီး လုံးဝ ထိန်းချုပ်မှုမရှိဘဲ ပေါက်ကွဲစေတာ ဖြစ်ပါတယ်။Fusion ဖြစ်ဖို့ Fission ဗုံးပေါက်ကွဲမှုကနေထွက်လာတဲ့ အပူချိန်နဲ့ Fusion ဗုံးကို စတင်စေတာဖြစ်ပါတယ်။(အသေးစိတ်သိချင်တယ်ဆိုရင်တော့ နောက်ပိုင်းမှာရေးပေးပါမယ်။)
Fusion ဓာတ်ပေါင်းဖို Reactor အတွက်ကတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့အတွက် ဒီလို အလွန်ပူပြင်းတဲ့ ဓာတ်ပြုမှုကို အချိန်အကြာကြီး စက္ကန့်ပိုင်း၊ မိနစ်ပိုင်း၊ နာရီပိုင်းအလိုက် လိုသလို တည်ငြိမ်စွာ ထိန်းချုပ်ထားဖို့ လိုအပ်ပါတယ်။ နေမှာဆိုရင် ကြီးမားတဲ့ ဆွဲအား (gravity) နဲ့ သံလိုက်စက်ကွင်း Magnetic field တွေက ဒီအလွန်ပူပြင်းတဲ့ Plasma (ဓာတ်ပြုနေတဲ့ ဓာတ်ငွေ့) ကို ပေါက်ကွဲမသွားရအောင် ထိန်းထားနိုင်ပေမယ့်၊ ကမ္ဘာပေါ်မှာတော့အလွန်ခက်ခဲတာကြောင့် မလုပ်နိုင်သေးပါဘူး။
လောလောဆယ်အတွက် အလွန်အားကောင်းတဲ့ သံလိုက်စက်ကွင်းတွေ ဒါမှမဟုတ် လေဆာရောင်ခြည်တွေကို သုံးပြီး ထိန်းချုပ်ဖို့ ကြိုးစားနေကြပါတယ်။ ဒါဟာ ဗုံးပေါက်ကွဲအောင်လုပ်တာထက် အဆပေါင်းများစွာ ပိုခက်ခဲတဲ့ နည်းပညာ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့်ကောင်းကင်ကနေနဲ့ ကြယ်တာရာတွေကို NASA/ ESA အဖွဲ့တွေက လေ့လာနေကြတယ်ဆိုတာလူသားတွေအတွက်တစ်ချိန်မှာ အကျိုးရှိလာမယ့် Clean energy ဖြစ်တဲ့ Nucleae Fusion အတွက် လက်တွေ့အသုံးချနိုင်အောင်ပါ။လူသားထုတွေရဲ့ စွမ်းအင်သုံးစွဲနိုင်မှုဟာ တစ်ဆင့်မြင့်သွားရင် ကျွန်တော်တို့ဟာ ဒီထက်တိုးတက်မယ့် ခေတ်ဆီကို လှမ်းနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့်လည်း ကျွန်တော်တို့ နျူကလီးယား ရူပဗေဒမှာ ပြောတဲ့ ဟာသလိုပဲ "မနက်ဖြန် ရောက်ရင်တော့ Fusion ကို လက်တွေ့သုံးနိုင်ပြီ" လို့ ပြောနေကြတာပါ။ ဒီမနက်ဖြန်ဆိုတာ တကယ်တမ်း ဘယ်တော့မှ ရောက်လာမလဲဆိုတာတော့ ဆက်ပြီး စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် သိပ္ပံပညာရှင်တွေရဲ့ ဇွဲနဲ့ လုံ့လတွေဟာ ဒီအိပ်မက်ကို အမှန်တကယ် ဖြစ်လာအောင် ဖန်တီးနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာ မေးခွန်းတစ်ခုပါ။
အနာဂတ်မျိုးဆက်တွေအတွက် သန့်ရှင်းပြီး သုံးမကုန်တဲ့ အကန့်အသတ်မရှိတဲ့ စွမ်းအင်အရင်းအမြစ်တစ်ခု ဖြစ်လာနိုင်ဖို့ Fusion ဓာတ်ပေါင်းဖိုကြီးတွေ အမှန်တကယ် စတင်လည်ပတ်နိုင်မယ့် "မနက်ဖြန်" ကိုတော့ ကျွန်တော်တို့အားလုံး မျှော်လင့်စောင့်စားနေကြဆဲပါ။

#end

image