2 ရက် - ဘာသာပြန်ပါ။

အာရှမှာ တရုတ်နဲ့ဗီယက်နမ်ကိုမျက်ခုံးလှုပ်လာစေသည့် အိန္ဒိယ
အိန္ဒိယသည် တရုတ်နှင့် ဗီယက်နမ်တို့ကို ကျော်လွန်ကာ ကမ္ဘာ့ကုန်ကျစရိတ်အသက်သာဆုံး ကုန်ပစ္စည်းထုတ်လုပ်သည့်နိုင်ငံအဖြစ် ရေပန်းစားလာပြီးဈေးကွက်ဝေစုရယူရန်ကြိုစားလျှက်ရှိသည်။

အိန္ဒိယနိုင်ငံမှ လူသားအရင်းအမြစ်ဖြင့်နိုင်ငံတကာ​​၏ကုန်ပစ္စည်းများထုတ်လုပ်ခြင်းအခန်းကဏ္ဍတွင်ပါရှိသော ရင်းနှီးမြှုပ်နှံရန်စက်ရုံများတည်ဆောက်ခြင်းအတွက်ကုန်ကျစရိတ်သက်သာယုံမက မိမိနိုင်ငံသားများ​၏အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိရန်လည်းအလေးပေးဆောင်ရွက်လျှက်ရှိသည်။

ဝန်ကြီးချုပ် Narendra Modi နှင့်ခေါင်းဆောင်များက နိုင်ငံသားများအား မိမိကိုယ်ကို အားကိုးအားထားပြုပြီး နိုင်ငံတကာမှကုန်ထုတ်လုပ်ငန်းများကို ရရှိနိုင်သလောက်ရယူရန်နှင့် တရုတ်နိုင်ငံကဲ့သို့စိန်ခေါ်မှုများကိုရင်ဆိုင်ရန်လည်းအသင့်ရှိသည်ဟုကြွေးကြော်ထားသည်။

ထိုကဲ့သို့ဦးတည်ချက်နှင့်ခံယူချက်များသည် အိန္ဒိယနိုင်ငံ၏ စက်မှုလုပ်ငန်းတိုးတက်မှုနှင့်နိုင်ငံသားများ​၏အခွင့်အလမ်းကောင်းများအတွက်ကောင်းမွန်သောကြိုးပမ်းမှုများဟုဆိုနိုင်သည်။

image