2 ရက် - ဘာသာပြန်ပါ။

အလင်း​၏စွမ်းအင်ဖြင့်လည်ပတ်နိုင်သည့် အင်ဂျင်
ဩစတြေးလျနိုင်ငံမှ အင်ဂျင်နီယာများသည် သိပ္ပံရုပ်ရှင်ဇာတ်လမ်းကဲ့သို့ ထူးခြားဆန်းသစ်သောနည်းလမ်းဖြင့် အလင်းစွမ်းအင်သုံးအင်ဂျင်တစ်ခုကိုဖန်တီးခဲ့ကြသည်။၎င်းအင်ဂျင်သည် မည်သည့်လောင်စာမှမလိုအပ်ဘဲ အလင်းရောင်ရရှိသည်နှင့်လည်ပတ်နိုင်သည်ဟုသိရသည်။

အဆိုပါနာနိုအင်ဂျင်တွင် အထူးပြင်ဆင်ထားသောစက်ပစ္စည်းအစိတ်အပိုင်းများကို အသုံးပြုထားပြီး ဖိုတွန်များ (အလင်းရောင်အမှုန်) ကိုစွမ်းအင်အဖြစ်တိုက်ရိုက်ပြောင်းလဲပေးနိုင်သည်။ထို့ကြောင့် ဤစက်သည် ဓာတ်ဆီ မလိုအပ်ပဲ အလင်းရရှိယုံဖြင့်လည်ပတ်နိုင်သည်။အကယ်၍အာကာသထဲသို့လွှတ်တင်ခဲ့လျှင်ပင် နေမှရရှိသောအလင်းဖြင့်ကောင်းမွန်စွာလည်ပတ်နိုင်သည်။

သမားရိုးကျ ဆိုလာပြားများနှင့်မတူပဲ ၎င်းသည်စစ်မှန်သောမော်တာကဲ့သို့ လုပ်ဆောင်နိုင်ပြီး အသေးစား စက်ပစ္စည်းများ၊နေရောင်ခြည်စွမ်းအင်သုံးဂြိုလ်တုနှင့် အလင်းတွန်းအားရှိသော nanorobots များအတွက်ပိုမိုအသုံးဝင်မည်ဟုသိရသည်။

ဤဆန်းသစ်တီထွင်မှုသည် အချို့သောစွမ်းအင်နှင့် စက်ရုပ်များတွင်အသုံးပြုနိုင်သော်လည်း၊အမျိုးမျိုးသောအခြေအနေများအောက်တွင် အတိုင်းအတာနှင့်ထိရောက်နိုင်မှုစသော စိန်ခေါ်မှုများကိုရင်ဆိုင်ဖြေရှင်းရန်အနေအထားတော့ရှိနေသည်။

image