2 ရက် - ဘာသာပြန်ပါ။

Sew Torn (2024)
+++++++
လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟတွေ အကြောင်းကို သာမန်ရုပ်ရှင်တွေနဲ့မတူဘဲ အပ်ချည်မျှင်တွေကို အဓိကသုံးပြီး ပုံဖော်ထားတဲ့ Sew Torn ဇာတ်ကားဟာ
ကြည့်ရတာနဲ့တန်တဲ့ ရသတွေကိုပေးစွမ်းမဲ့ Thriller Comedy ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

ရရှိခဲ့တဲ့ ဆုများ
- 2025 Winner Baia del Silenzio - Redelfi Award. Best Film. Freddy Macdonald (director

-2025 Nominee Jury Prize. Best Film. Freddy Macdonald (director)

သရုပ်ဆောင်များ

- Eve Connolly (Barbara အဖြစ်)
- Calum Worthy (Joshua အဖြစ်)
- John Lynch (Hudson အဖြစ်)
- K. Callan (Ms. Engel အဖြစ်)
- Ron Cook (အော်စကာအဖြစ်)

ဇာတ်လမ်းအကျဉ်း
+++++++++++++

မိခင်ကိုဆုံးရှုးထားရတဲ့ အပ်ချုပ်သမတစ်ဦးဖြစ်သူ ဘာဘရာ (Barbara) ဟာ အထီးကျန်ဆန်ပြီး ငွေမရှိတာကြောင့် ဘဝကို စုတ်ဖြဲခံထားရတဲ့အဝတ်စတစ်ခုလို ဖြတ်သန်း နေရသူတစ်ယောက်ပါ။

တစ်ရက်မှာတော့ ငွေရချင်ဇောနဲ့ ရာဇဝတ်မှုတစ်ခုမှာ မတော်တဆပါဝင်ပတ်သက်မိရာက

1. ပြီးပြည့်စုံတဲ့ ပြစ်မှုကိုကျူးလွန်မလား

2. ရဲကိုအကြောင်းကြားမလား

3. ဒီတိုင်းပဲ ကားမောင်းထွက်သွားမလားဆိုတဲ့ ရွေးချယ်စရာ ၃ ခုရှိလာပါတယ်။

image