AI နည်းပညာရဲ့ အရှိန်အဟုန်က ကြောက်ခမန်းလိလိပါပဲ။ ဂျာမန် AI ကုမ္ပဏီတစ်ခုဖြစ်တဲ့ DeepL ဟာ NVIDIA ရဲ့ အစွမ်းထက် DGX SuperPOD လို AI Supercomputer တွေရဲ့ အကူအညီနဲ့ ကမ္ဘာ့အင်တာနက် စာမျက်နှာအားလုံးကို ရက်ပေါင်း (၁၈) ရက်ခွဲနဲ့ ဘာသာပြန်နိုင်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
ဒါဟာ အရင်က ရက်ပေါင်း (၁၉၄) ရက်ကြာမြင့်မယ့် အလုပ်တစ်ခုကို အခုလို မယုံနိုင်စရာ အချိန်တိုအတွင်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့တာပါ။
ဒီနည်းပညာက ဘယ်လောက်ထိ အကျိုးရှိလဲဆိုရင်၊ DeepL ကိုအသုံးပြုတဲ့ ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီကြီးတွေဟာ ဘာသာပြန်ချိန်ကို ၉၀% လျှော့ချနိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအပေါ် ၃ နှစ်အတွင်း ၃၄၅% အထိ ပြန်လည်အကျိုးအမြတ် ရရှိစေတယ်လို့ ဆိုပါတယ်။ ပြောရရင်တော့ အချိန်ကုန်သက်သာ၊ ငွေကုန်သက်သာပြီး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ တိုးတက်စေတာပေါ့။
DeepL က ဒီလောက်နဲ့ ရပ်မနေပါဘူး။ DeepL Voice ဆိုတဲ့ Real-time အသံဘာသာပြန် ဝန်ဆောင်မှုကိုလည်း မိတ်ဆက်လိုက်ပါပြီ။ ဒီနည်းပညာကြောင့် Online Meeting တွေမှာဖြစ်စေ၊ လူချင်းတွေ့ဆုံ စကားပြောဆိုမှုတွေမှာဖြစ်စေ ဘာသာစကား အခက်အခဲမရှိတော့ဘဲ ချက်ချင်း ဘာသာပြန်ပေးနိုင်မှာ ဖြစ်ပါတယ်။
နည်းပညာရဲ့ တိုးတက်မှုတွေကြောင့် ဘာသာစကားဆိုတာ ကမ္ဘာကြီးကို ပိုင်းခြားထားတဲ့ အတားအဆီးတစ်ခု မဟုတ်တော့ဘဲ တစ်ဦးနဲ့တစ်ဦး ပိုမိုလွယ်ကူစွာ ချိတ်ဆက်နိုင်တော့မှာပါ။
AI က ကျွန်တော်တို့ရဲ့ အလုပ်နဲ့ နေ့စဉ်ဘဝတွေကို ဘယ်လိုများ ဆက်ပြီး ပုံဖော်သွားမလဲဆိုတာကတော့ တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ။
