2 ရက် - ဘာသာပြန်ပါ။

လွန်ခဲ့တဲ့ ၃ နှစ်၊ ဒီလိုနေ့မျိုးမှာပဲ ဟာလန်းက မန်စီးတီးအသင်းကို စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၆၀ နဲ့ ရောက်လာခဲ့တယ်။ ဒေါ့မွန်ထွက်ဖြစ်လေတော့ စီးတီပရိတ်သတ်တွေ နဲ့ အားလုံးရဲ့စောင့်ကြည့်မှုက အတော်လေးပြင်းထန်ခဲ့တယ်။
ဒါပေမယ့်လည်း ဟာလန်းက ဂိုးတွေကို ထမင်းစားရေသောက်သလိုကို သွင်းပြတယ်။ အတော်လေး ခြေစွမ်းပြနိုင်ခဲ့တယ်။ ငုပ်လျှိုးခဲ့တဲ့အချိန်တွေရှိပေမယ့် ပြန်ထလာနိုင်ခဲ့တယ်။ အခုထိ ဟာလန်းကို ပြောစရာဖြစ်နေတာက ဖိုင်နယ်တွေမှာ ပျောက်နေတတ်တဲ့ပုံစံပဲ။
ဖိုင်နယ်တွေမှာ ပျောက်နေတတ်ပေမယ့်လည်း မန်စီးတီးကို ရောက်ပြီးကာစ သုံးနှစ်အတွင်းမှာ ဖလား ၇ လုံးအထိယူပြီးသွားပြီ။ ၁၄၂ ပွဲကစားပြီးတော့ ၁၂၁ ဂိုးသွင်း၊ ဂိုး ၂၀ ဖန်တီးထားပြီး G/A 141 ကြိမ်အထိ အစွမ်းပြထားပြီးပါပြီ။

image