3 ရက် - ဘာသာပြန်ပါ။

ကြက်သားနှပ် နို့ထောပတ်ထမင်း အချဥ်စုံ ချက်နည်း......။
ကြက်သားနှပ်ရန်..........
ကြက်သားခုတ်ထစ်တုံးထား တာကိုသန့်စင်ရေဆေးပြီး
ဒိန်ချဥ်ရှိရင်ထည့်ပါ။ မရှိရင် ရှာလကာထည့်ပါ။
ဆားနနွင်း မဆလာမှုန့်အချိုမှုန့်ထည့်ပြီး သမအောင်နယ်ပြီးနှပ်ထားပါ။
မနက်စောစောချက်တာမို့ ကြက်သားကိုမနေ့ကထဲက နယ်နှပ်ထားပြီးရေခဲသေတ္တာ မှာထည့်ထားပြီးချက်ဖို့အဆင်
သင့်ဖြစ်ရန်ကြိုထုက်ထားပါ။
ကြက်သွန်နီခပ်များများကို နုတ်နုတ်စင်းလှီးထားပါ။
ဂျင်းကြက်သွန်ဖြူကိုညက် ညက်ထောင်းထားပါ။
အိုးတလုံးမှာဆီထည့် အပူပေးပြီး
ကြက်သွန်ဖြူနီ ဂျင်း ပျဥ်တော်သိမ်ရွက် သစ်ဂျပိုး
ခေါက်ကရဝေးရွက်ထည့်ပြီး အနံ့မွှေးလာအောင်ဆီသတ်ပါ။
နနွင်းမှုန့်နဲနဲနှင့် ငရုတ်သီးအစိမ်းမှုန့်ထည့်ပြီး အနံ့မွှေးလာအောင် ဆီသတ်ပါ။ ကြက်သားနယ်ထားတာထည့်ပြီးမွှေပေးပါ။
ဆားအချိုမှုန့်ထပ်ထည့်ပါ။
ကြက်သားကိုရေမြုပ်အောင်ထည့်ပြီး၊ မီးမပြင်းစေပဲရေခန်း
ဆီပြန်လာအောင်ချက်ပါ။ ပြီးရင် အရသာမြည်းကြည့်ပါ။
အနေတော်ဆို ကြက်သွန်ကြော် အကြွပ်ကြော်ကိုညချေပြီးဖြူးပေးပါ ပူစီနံရွက်ကိုချွေပြီးဖြူးပါ။
ကုလားလေးမဆလာမွှေးကို ဖြူးပေးပါ။
ဒါဆို ကြက်သားနှပ်ဟင်းရပါပြီး။
နို့ထောပတ်ထမင်း ချက်နည်း......
ထမင်းပေါင်းအိုးမှာဆန် ၃ ဘူးထည့်ပြီး၊ နှစ်ရေလောက်ဆေး
ရေစစ်ပြီး နို့စိမ်းဘူးကနို့စိမ်းကို နို့ဆီဗူးဖြင့် ၁ ဘူးထည့်ပါ။
ရေ ၃ ဘူးခွဲထည့်ပါ။ ဆန် ၃ ဘူးဆိုရေ ၄ ခွက်ခွဲအချိုးပါ။
ရေလည်းခန်း ထမင်းလည်းနပ်အတော်ပါပဲ။
ပေါင်းအိုးထဲကို ဂီးထောပတ် ၅ ကျပ်သားထည့်ပါ။
သစ်ဂျပိုးခေါက် ၂ ခု၊ ကရဝေးရွက် ၃ ရွက် ထည့်ပါ။
သီဟိုဋ်ဆံ ၅ ကျပ်သား၊ စပျစ်သီးခြောက် ၅ ကျပ်သား၊
သကြားဟင်းခတ်ဇွန်း ၁ ဇွန်း၊
ဆားလဘက်ရည်ဇွန်း ၁ဇွန်း ထည့်ပြီး သမအောင်မွှေပေးပါ။
အရည်ကိုမြည်းကြည့်ပါ။
နေတော်ဆိုပေါင်းအိုးမီးခလုတ်ဖွင့်ပြီးချက်ပါ။
အချိန်ပြည့်ရင်ခလုတ်ကျပြီး ထမင်းကျက်ပါမယ်။
ခဏနှပ်ထားပြီးအပေါ်အောက်ထမင်းကို လှန်ပေးပါ။
ဒါဆို နို့ထောပတ်ထမင်းရပါပြီး............။
အချဥ်လုပ်နည်း.........
အချဥ်အတွက် သခွားသီးကိုရေဆေးပြီး လက်နှစ်ဆစ်ခန့်
ဖြတ်ပြီး အပြင်ခွံကိုနွာပြီး အသားကိုပါတ်လည်လှီးပြီး အ
မျှင်လှီးပါ။
ဇလုံတခုထဲ ထည့်ပါ။ ခရမ်းချဥ်သီးအမျှင်လှီးထည့်ပါ။
ကြက်သွန်နီကို ကန့်လန့်လှီး ပြီးထည့်ပါ။
ပူစီနံရွက်ကို ချွေထည့်ပါ။
ငရုတ်သီးစိမ်းကိုပါးပါးလှီး ထည့်ပါ။
ဆား သကြား ရှာလကာရည် ထည့်ပြီး သမအောင် မွှေပေးပါ။
ဒါဆို အချဥ်တွက်ရပါပြီး.......။

image