ကရင်လယ်တောနိုဖထော ဆိုတာ
ရန်ကုန်မြို့ကနေ တစ်နာရီခွဲလောက်မောင်းလာ
တာနဲ့ လှည်းကူး နိုဖထောဆိုတဲ့ ကရင်ရွာလေးမှာ
တည်ရှိပါတယ် ။
ရန်ကုန်နေပြည်တော်အမြန်လမ်းကဆို
၁၅/၀မိုင်ကနေ လာလို့ရပါတယ် ။
နိုဖထော ဆိုတာ ကရင်လို အင်းလျားရှည်လို့
အဓိပ္ပာယ် ရပါတယ် ။
နိုဖထော မှာဘာတွေရှိလဲ ဘာတွေရလဲ မေးကြပါတယ်?
သဘာဝကြီးရဲ့ အလှတရားတွေရှိပါတယ်
မြို့ပြရဲ့မွန်းကြပ်မှုတွေကို ခဏတာ
စွန့်ခွာပြီး ကရင်လယ်တောနိုဖထောရဲ့
သဘဝထဲက အလှတရားတွေကို
ချစ်ရတဲ့ မိသားစုတွေ သူငယ်ချင်းမိတ်တွေ
နဲ့အတူလာရောက်ခံစားလှည့်ပါလို့ဖိတ်ခေါ်
လိုက်ပါတယ်။
ကိုဗစ်ကြီးပြီးတဲ့အချိန်ဆို လာလည်လို့ရပါပြီ ။
ဆက်သွယ်မေးမြန်းကြသူအားလုံးကို
ကျေးဇူးတင်ပါတယ်။
#ကရင်လယ်တောနိုဖထော


