YouTube မရတော့တဲ့ iPhone နဲ့ iPad မော်ဒယ်တွေ
YouTube က iPhone နဲ့ iPad မော်ဒယ်ဟောင်းတွေအတွက် support ပေးတာ ရပ်လိုက်ပါပြီ။
YouTube ရဲ့ နောက်ဆုံးထွက် iOS app ဗားရှင်း 20.22.1 မှာ iOS 16 နဲ့ နောက်ပိုင်းဗားရှင်း တင်ထားတဲ့ မော်ဒယ်တွေပဲ YouTube ထည့်တာ ၊ Update မြှင့်တာတွေ လုပ်နိုင်တော့မှာပါ။
iOS 15 အထိပဲ ရတဲ့ iPhone 6s , iPhone 6s Plus , iPhone 7 , iPhone 7 Plus နဲ့ iPhone SE (1st Gen) မော်ဒယ်တွေ YouTube app မရတော့ပါဘူး။ iPad ထဲက iPad Air 2 နဲ့ iPad mini 4 ၊ iPod ထဲက iPod tourch (7th gen) တွေလည်း ဒီစာရင်းမှာ ပါပါတယ်။
YouTube app နဲ့ မကိုက်တော့တဲ့ မော်ဒယ်တွေက သက်တမ်း ၁၀ နှစ်လောက် ကြာပြီးသားဖုန်းဟောင်းတွေ ဖြစ်လို့ သုံးတဲ့သူလည်း သိပ်ရှိမယ်မထင်ပါဘူး။ တကယ်လို့ ဒီဖုန်းဟောင်းတွေနဲ့ YouTube ကြည့်ချင်တယ်ဆိုရင်လည်း safari ဒါမှမဟုတ် တခြား mobile browser တစ်ခုခု သွားပြီး youtube ဝက်ဘ်ဆိုက်ကနေ သွားကြည့်လို့ ရပါတယ်။
YouTube client က ပထမဆုံး original iPhone ကို စတိဗ်ဂျော့စ် မိတ်ဆက်ကတည်းက ပါခဲ့တဲ့ app ပါ။ စတိဗ်ဂျော့စ်ရဲ့ ပထမဆုံး iPhone နဲ့ လူတွေကို ဖမ်းစားခဲ့တဲ့အထဲမှာ YouTube pre-installed ပါလာတဲ့အချက်လည်း ပါပါတယ်။
၂၀၀၇ ကတည်းက လက်တွဲခဲ့ပေမယ့် ၂၀၁၂ iOS 6 beta မှာ Apple က iOS ပေါ်ကနေ YouTube client နဲ့ Google Maps ကို ဖယ်ရှားခဲ့ပါတယ်။ ဒီနေ့ iPhone မှာ သုံးနေကြတဲ့ YouTube နဲ့ Google Maps iOS app တွေက Google က ဖန်တီးခဲ့တာပါ။
