5 ရက် - ဘာသာပြန်ပါ။

1997 မှာ စထုတ်ခဲ့တဲ့ EK9 ကစလို့ ကနေ့ခေတ် နောက်ဆုံးမျိုးဆက် FL5 အထိ Honda Civic Type R တွေက FWD performance ကားနယ်ပယ်မှာတော့ benchmark တစ်ခုလိုကို ဖြစ်ခဲ့ပါတယ်။ high-revving ဖြစ်တဲ့ VTEC အင်ဂျင်တွေ၊ သိပ်ကိုမှ razor-sharp ဖြစ်တဲ့ handling ပိုင်းနဲ့ race-bred aerodynamics တွေကပဲ Civic Type R တွေကို king of hot hatches တွေအဖြစ် ရှင်သန်စေခဲ့တယ်လို့ပြောရင် မှားမယ်မထင်ဘူး။ ကနေ့ခေတ် Civic Type R တစ်စီးရဲ့ Handling ပိုင်း ဘယ်လောက်ထိ Precision ဖြစ်သလဲနဲ့ Aero ပိုင်း ဘယ်လောက်ထိကောင်းသလဲဆိုတာကိုတော့ FL5 Type R ရဲ့ Suzuka နှင့် Nürburgring lap records တွေကပဲ သက်သေပြလို့နေပါတယ်။
စိတ်မကောင်းစရာသတင်းတစ်ခုကတော့ လာမည့် 2026 က စလို့ Europe နှင့် UK မှာ Civic Type R ကို ဆက်လက်ရောင်းချတော့မှာမဟုတ်ပါဘူး။ အဖြေကတော့ ရှင်းပါတယ်။ FL5 ရဲ့ စွမ်းဆောင်ရည်ဘယ်လောက်ပင်ကောင်းနေပါစေ လက်ရှိ Euro 6e-BIS နှင့် မကြာခင်လာတော့မည့် Euro 7 တို့လို တင်းကျပ်လွန်းလှတဲ့ rulebook တစ်ခုကို မခံနိုင်တော့တဲ့အဆုံး ဒီ era တစ်ခုကို အဆုံးသတ်ဖို့သာ ဖြစ်လာခဲ့ပုံပါပဲ။
ဒီလိုနဲ့ပဲ Honda အနေနဲ့ Manual, Turbocharged European hot hatch ဇာတ်လမ်းတစ်ပုဒ်ကိုအဆုံးမသတ်ခင် ခွဲခွာခြင်းလက်ဆောင်အနေနဲ့ ဟောဒီက Civic Type R Ultimate Edition ကို ဖန်တီးပေးခဲ့ပါတယ်။ ဥရောပသား ကားချစ်သူတို့အတွက် Honda ရဲ့ proper send-off မော်ဒယ်တစ်စီးဖြစ်သလို အစီး (၄၀) သာ ထုတ်လုပ်ရောင်းချသွားမယ့် limited-run တစ်ခုပဲ ဖြစ်တယ်ဗျ။ ဒီထဲကမှ (၁၀) စီးကိုသာ UK အတွက် ဖြစ်မယ်လို့လည်း ဆိုထားပါတယ်။
ကားရဲ့အပြင်ဘက်အရောင်ကိုတော့ Type R ရဲ့ signature အရောင်ဖြစ်တဲ့ Championship White paint ကိုသာ သုံးပေးထားပြီး ကားရဲ့အမိုးကတော့ အမဲရောင် gloss black roof နဲ့ လာပါတယ်။ ဘောနပ်အပေါ်မှာနဲ့ ကားရဲ့ဘေးဘက်တွေမှာတွေ့ရတဲ့ အနီရောင် pinstripes တွေကတော့ Ultimate Edition ရဲ့ ထူးခြားချက်တွေပဲလို့ ဆိုရမှာဖြစ်သလို aggression and downforce အတွက်ပိုကောင်းမယ့် Carbon fiber rear wing ကိုလည်း ထည့်ပေးထားပါတယ်။ ဒါ့အပြင် ဒီ Ultimate Edition အတွက် သီးသန့် Exclusive gift box တစ်ခုပါ ထည့်သွင်းပေးထားတာမို့ ပုံအသေးစိတ်ကိုတော့ ကောမန့်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဗျ။
Honda ဘက်ကတော့ ဒီ Ultimate Edition ရဲ့ အင်ဂျင်ပိုင်းနဲ့ပတ်သက်ပြီး မည့်သည့် upgrade တစ်စုံတစ်ရာမျှ ပြုလုပ်ထားမှာမဟုတ်တာမို့ ဒီကောင့်ရဲ့ ဘောနပ်အောက်မှာ ထုံးစံအတိုင်း 2.0L Turbocharged K20C1 အင်ဂျင်သာ လဲလျောင်းနေပါလိမ့်မယ်။ Total Output 325 Hp နှင့် 420 Nm of torque ထွက်မှာဖြစ်ပြီး 6-speed manual gearbox ကနေတစ်ဆင့် ပါဝါကိုရှေ့ဘီးတွေဆီ ပို့ဆောင်ပေးမှာပဲ ဖြစ်ပါတယ်။
လက်ရှိ သာမန် FL5 တစ်စီးရဲ့ MSRP က စတာလင်ပေါင် £46,995 ခန့်ပေါက်နေတာမို့ 'Ultimate Edition' ရဲ့စျေးကလည်း £60,000 နားအထိ သွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဒီနေရာမှာတစ်ခုပြောစရာရှိတာက Type R အနေနဲ့ North America နဲ့ Japan စျေးကွက်တွေမှာ ဆက်လက်အသက်ရှင်နိုင်ဖို့ ရှိသေးသလို Europe ဘက်မှာတော့ Type R nameplate ဟာ Hybrid (သို့မဟုတ်) EV form တစ်ခုခုဖြင့်သာ အသက်ဆက်သွားနိုင်ပါရဲ့။

image