24 Hours of Le Mans ကျင်းပရာ Circuit de la Sarthe ဆိုတာ legendary racetrack တစ်ခုဆိုတာထက် နှစ်စဥ်နှစ်တိုင်း Automakers အသီးသီးရဲ့ အသစ်အသစ်သော innovation တွေကိုချပြလေ့ရှိတဲ့ proving ground တစ်ခုဆိုလည်း မမှားဘူးဗျ။ Cutting-edge နည်းပညာအသစ်တွေ၊ ရင်သက်ရှုမောဖွယ်ကောင်းလောက်တဲ့ concept ကားအသစ်တွေကို ဒီမြေပေါ်မှာပဲ showcase လုပ်ကြတာမို့ Le Mans ကာလဟာ ဆယ်တန်းအောင်စာရင်းထွက်ခါနီးလိုပဲ ကားချစ်သူတွေအတွက်တော့ အတော်လေးစိတ်လှုပ်ရှားရတဲ့ အချိန်အခါတစ်ခုပါပဲ။
ဒီတော့ မနေ့ကပဲ Toyota Gazoo Racing ဘက်ကနေ GR LH2 အမည်ရှိ liquid hydrogen-powered Racing Concept ကားတစ်စီးကို Circuit de la Sarthe မှာ ချပြလာခဲ့ပါတယ်။ ကားအကြောင်းမပြောခင် ကနေ့ခေတ် Toyota ရဲ့ Hydrogen Grand Strategy ကို အရင်ပြောချင်တယ်ဗျ။ စာဖတ်သူတို့သိတဲ့အတိုင်းပဲ ကနေ့ခေတ်ကားထုတ်လုပ်သူအများစုဟာ တင်းကျပ်လာတဲ့ စည်းမျဥ်းစည်းကမ်းချက်တွေကို တောင့်မခံနိုင်တဲ့အဆုံး ICE ကားတွေကို လက်လျှော့ကာ EV တွေဘက်ကိုပဲ စုံလုံး all-in ဝင်နေကြတာပါ။ သို့ပေမယ့် Toyota သွားနေတဲ့ပုံစံကကျ EV တစ်မျိုးတည်းကိုသာ တစ်ခုတည်းသောအဖြေလို့ မယူဆဘဲ၊ ဖြစ်နိုင်မယ့်နည်းလမ်းပေါင်းများစွာကို ဖြန့်ကြက်ပြီး multi-pathway approach နဲ့ သွားနေတယ်လို့ပဲ ကျွန်တော်ကတော့မြင်မိတယ်။
Hybrid ကားလား? Toyota မှာရှိတယ်။ Battery EV လား? ရှိသေးသဗျ။ Hydrogen Fuel Cells လား? Mirai နဲ့ Crown Sedan ရှိအုံးမယ်။ ဟော အခုဆို GR Corolla H2 နဲ့ GR LH2 တို့လို Hydrogen Combustion ကားတွေပါ ပါလာပြီ။ ကျွန်တော့်တစ်ဦးတစ်ယောက်တည်း personal preference အရတော့ Hydrogen Combustion ကားတွေကို Le Mans တို့လို racing ကြိုးဝိုင်းတွေထက် ပိုမြင်ချင်လာမိတာ အမှန်ပဲ။ အဖြေကရှင်းပါတယ်။ EV တွေထက်စာရင် ဒီကောင်တွေက အချိန်ခဏလေးအတွင်း refueling ပြန်လုပ်နိုင်မယ်၊ Hydrogen Combustion ဖြစ်တဲ့အတွက် ကျွန်တော်တို့သိပ်မက်မောတဲ့ အင်ဂျင်ဟိန်းသံကိုလည်း ခံစားနိုင်အုံးမယ်၊ ဒါ့အပြင် ဒီကောင်တွေက ရေငွေ့သာထုတ်လွှတ်တဲ့ true carbon-neutral potential ရှိတာမို့ လုံးဝ completely clean ဖြစ်တယ်။ သို့ပေမယ့်လို့ ကျွန်တော်အရင်ကပြောခဲ့ဖူးတဲ့အတိုင်းပဲ Le Mans ဆိုတာကလည်း "Safety is top priority" ဖြစ်သလို hydrogen-powered ကားတွေ Le Mans မှာဝင်ပြိုင်နိုင်ဖို့ regulations အသစ်တွေလိုသေးတာမို့ FIA ဘက်က safety protocols တွေအားလုံးကို finalized လုပ်ပြီးချိန် 2028 ပတ်ချာလည်လောက်အထိတော့ စောင့်ကြည့်ရပေအုံးမယ်။
စကားပလ္လင်ခံနေတာတွေ အရမ်းများသွားပြီမို့ ကားအကြောင်းကိုဆက်ပါ့မယ်။ စာဖတ်သူမှတ်မိအုံးမလားတော့ မပြောတတ်ပေမယ့် Toyota ဘက်ကနေ ယခင်က GR H2 ဆိုတဲ့ Concept ကို မိတ်ဆက်ခဲ့ဖူးတယ်ဗျ။ ဒီနေ့ပြောပြမယ့် GR LH2 ကတော့ GR H2 ရဲ့ successor မော်ဒယ်လို့ပဲ ဆိုရပါမယ်။ သို့ပေမယ့် ဒီကောင့်ကိုတည်ဆောက်ထားတာကတော့ GR010 ရဲ့ Hybrid chassis ပေါ်မှာဖြစ်ပြီး successor မော်ဒယ်ဆိုသည့်အတိုင်း GR LH2 မှာ ဘာတွေတိုးတက်လာသလဲဆို ဒီကောင်က ပို aggressive ဆန်လာပြီး aerodynamics တွေကအစ အားလုံးကို refined ပြန်လုပ်ထားတယ်လို့ပဲ ဆိုရလိမ့်မယ်။
GR H2 နဲ့ယှဥ်ရင် ကားရဲ့အရှေ့ဘက် front-end styling တစ်ခုလုံးက အတော်လေး sharp ဖြစ်လာသလို၊ airflow အတွက် ဘေးဘက်က side intakes တွေကိုပါ အတော်လေးချဲ့ထားတယ်။ Downforce ကောင်းဖို့အတွက်လည်း ပိုမြင့်တဲ့ rear wing ကိုသုံးထားတယ်လို့သိရပြီး အနောက်ဘက်က fin ကတော့ အတော်လေးကိုကြီးတယ်လို့ပဲ ပြောရမယ်။ ကားရဲ့အရွယ်အစား dimensions တွေကတော့ ယခင် GR H2 နဲ့ အတူတူပဲဆိုတော့ အရှည် 5,100 mm နှင့် အကျယ် 2,050 mm ရှိမှာဖြစ်ပြီး ဒီအရွယ်အစားက chassis based လုပ်ထားတဲ့ GR010 ထက်တော့ အနည်းငယ်ပိုကြီးတယ်ဗျ။
Toyota ဘက်ကတော့ GR LH2 ရဲ့ Specs တွေနဲ့ပတ်သက်ပြီး အတိအကျဖော်ပြထားခြင်းမျိုး မရှိသေးပေမယ့် အနီးစပ်ဆုံး ဆက်စပ်စဥ်းစားရရင် GR010 ရဲ့ Hybrid setup ဖြစ်တဲ့ 3.5L twin-turbo V6 နဲ့ ပွဲထွက်လာနိုင်ခြေများပါတယ်။ တစ်ခုပြောစရာရှိတာကတော့ GR LH2 မှာက gasoline နဲ့မဟုတ်ဘဲ liquid hydrogen နဲ့သာ လောင်ကျွမ်းမယ်ဆိုတာပါ။ Toyota ဘက်ကတော့ hydrogen-powered ကားတွေအပေါ် အတော်လေး serious ဖြစ်နေသလို အခုဆို hydrogen-powered GR Corolla နဲ့တောင် Super Taikhu လို စီးရီးတွေမှာ ဝင်ရောက်စမ်းသပ်နေပြီမို့ အခု GR LH2 Concept ကားကလည်း အချာပင် flashy prototype တစ်စီးတော့ မဟုတ်ပေဘူး။
ကဲ အဆုံးသတ်ရရင် 24 Hours of Le Mans ကလည်း နီးကပ်နေပြီဆိုတော့ 2018 ကနေ 2022 အထိ ငါးနှစ်ဆက်တိုက်အနိုင်ရခဲ့ဖူးတဲ့ Toyota အနေနဲ့ GR010 နှင့်အတူ နလံပြန်ထူလာနိုင်မလား? သို့မဟုတ် Ferrari ကပဲ ဒီနှစ်ရဲ့ သရဖူကို ဆက်လက်သိမ်းပိုက်သွားအုံးမလားဆိုတာကတော့ လာမယ့် ဇွန်လ (၁၅) ရက်၊ တင်္ဂနွေနေ့ကျ အဖြေသိရပါလိမ့်မယ်။
