5 ရက် - ဘာသာပြန်ပါ။

Mid-tier Supercar Title အတွက် စိန်ခေါ်သူအသစ် Lamborghini Temerario
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကို ပြန်သွားကြည့်ရအောင်! McLaren ရဲ့ MP4-12C reign ပြီးနောက် 540 နှင့် 570 တို့ကို ပွဲထုတ်ချိန်၊ Ferrari ဟာလည်း Ferrari တစ်စီးဆန်စေရခြင်းရဲ့ အဓိက သော့ချက်ဖြစ်သော High-revving flat-plane NA V8 ကို စွန့်ပစ်ပြီး သေးသေးကွေးကွေး 3.9L Twin-Turbo V8 Ferrari 488 ကို မိတ်ဆက်ချိန်မှာ Lamborghini ကတော့ 8,500 RPM 5.2L NA V10 ကို ဆက်လက်ထိန်းသိမ်းရင်း တစ်ချိန်မှာ all-time best selling Lamborghini Supercar မော်ဒယ်ဖြစ်လာမည့် Huracan ကို မိတ်ဆက်ခဲ့ပါတယ်။
သံသရာ တစ်ပတ်လည်တယ်လို့ဘဲ ပြောရမလားမသိ၊ စာဖတ်သူတို့ ကျွန်တော်တို့ မျက်စိအောက်မှာတင် စတင် မိတ်ဆက်၊ edition အမျိုးမျိုး၊ trim အမျိုးမျိုးနှင့် သက်တမ်းစေ့ နေထိုင်သွားပြီးနောက် ၎င်း (Huracan အား ဆိုလိုခြင်းဖြစ်) ရဲ့ အရိုက်အရာကို ဆက်ခံမည့် Temerario ကိုလည်း မနေ့တစ်နေ့ကပင် မိတ်ဆက်လို့ သွားခဲ့ပါပြီ။ စာဖတ်သူနှင့် ကျွန်တော်တို့ ယခုတွေ့ကြုံနေရသော Temerario Reveal က အနာဂတ်ရဲ့ Hybrid Lamborghini Lineup တစ်ခုလုံးရဲ့ နိဒါန်းပျိုးစ အချိန်လို့လည်း ပြောနိုင်တယ်ဗျ၊ feel great to be able to witness this!
Temerario မိတ်ဆက်ပွဲမှာဆိုရင် V10 မဟုတ်တော့လို့ မကျေမနပ်ဖြစ်နေသူနှင့် 10,000 RPM V8 မလို့ hype နေသူနှင့် အဖွဲ့နှစ်ဖွဲ့ ကွဲနေတာကို ကျွန်တော်တို့ တွေ့နိုင်မှာဖြစ်တယ်။ စာဖတ်သူကရော ဘယ်အဖွဲ့ထဲကလဲဗျ။ ကျွန်တော်ကတော့ 10,000 RPM V8 ကို အားပေးတဲ့ အဖွဲ့ကပါ။ မကြာခင်မှာလည်း REVUELTO Review - တုန်းကလိုမျိုး ရရှိနိုင်တဲ့ အရောင်တွေ၊ ဘီးတွေ အစုံအလင်ပါဝင်တဲ့ full walkthrough လာမှာဖြစ်လို့ ကားအကြောင်းကို စာအရှည်ကြီးတော့ မရေးတော့ဘူး။ အင်ဂျင်၊ hybrid စနစ်နှင့် aero အကြောင်းတွေ ရှင်းပြတာက article ထွက်လာမှ ပုံနှင့်တကွ ဖတ်ရှုပေးပါလို့ ပြောချင်ပါတယ်ခင်ဗျ။ အခုကတော့ ဘာကြောင့် ဒီ V8 ကို ကျွန်တော်ကြိုက်နှစ်သက်မိသလဲဆိုတာကို ဦးစွာပြောပါရစေ…
ယခု Lamborghini Temerario မှ 4.0L Hot-V Setup Twin-Turbo V8 ဟာဆိုရင် ကမ္ဘာပေါ်မှာ နှစ်စီးတည်းသာရှိသေးတဲ့ production-version 10K RPM V8 အင်ဂျင်ထဲမှ တစ်ခုဖြစ်ပြီး McLaren 750S၊ Ferrari F8 Tributo တို့နှင့် လားလားမျှမတူညီတဲ့ Mid-engined V8 အရသာကို ပေးအပ်သွားမှာဖြစ်ပါတယ်။ Exhaust Manifold များကို အင်ဂျင် cylinder bank အတွင်းထဲ ထည့်ထားပြီး Intake Manifold များကို cylinder bank အပြင်ပြောင်းထားတဲ့ သမာရိုးကျမဟုတ်တဲ့ Hot-V setup မလို့ အင်ဂျင်တစ်ခုလုံးရဲ့ over-all profile က ပိုသေးပြီး air intake အပိုင်းမှာလည်း ပိုမို efficient ဖြစ်စေပါတယ်။ ယခု layout က Turbo Lag လည်း (လုံးဝ) မရှိတော့တဲ့ နီးနီး လျှော့ချပေးနိုင်ပြီး မျက်စိတစ်မှိတ်အတွင်း A to B တန်းရောက်စေမည့် throttle response ကို ရရှိစေမှာပါ။ McLaren တွေက Straightline မှာ အတော်လေးမြန်တယ်ဆိုတဲ့ stereotype ကို Temerario ကဘဲ ချိုးဖျက်သွားနိုင်မလား၊ 750S နှင့် F8 Tributo ကဘဲ ပြန် smoke လုပ်မလား မသိပါဘူး။
ဈေးတန်းတူ ပြိုင်ဘက်များနှင့် ထိပ်တိုက်ယှဉ်ပြီး test လုပ်တဲ့ demonstration မျိုး မတွေ့ရသေးတာကြောင့် Temerario ကိုMcLaren 700 series (720S, 750S, 765LT) လို hypercar-killer များထက် ပိုမြန်ပါတယ်၊ ပိုကောင်းပါတယ်လို့ အမွှန်းမတင်ချင်ပေမယ့် ကျွန်တော့်စိတ်ထဲတော့ ဒီအင်ဂျင်က next-generation Lamborghini တစ်စီးအတွက် လိုက်ဖက်တယ်လို့ မြင်မိပါတယ်။
ဒီနေရာမှာ ဖြတ်ပြောချင်တာတစ်ခုက ယခု Temerario မှ Twin-Turbo V8 အင်ဂျင်ဟာ Lamborghini Urus မှ မဟုတ်သလို SC63 LMDh မှ အင်ဂျင်လည်း မဟုတ်ပါဘူး။ Temerario အတွက် သီးသန့် bespoke develop ပြုလုပ်ထားသော အင်ဂျင်ဖြစ်ပြီး ၎င်းရဲ့ power figures များက လန်ဘိုတစ်စီးရဲ့ နွားရိုင်းတစ်ကောင်သဖွယ် Beastly Profile ကို လိုက်ဖက်စေပါတယ်။ ဒါပေမယ့် မျှမျှတတ ပြောရရင် ယခု အင်ဂျင်က 10K အထိ rev နိုင်သော်လည်း Ferrari လောက်တော့ အသံလှမနေပါဘူး။ Flat-plane Crank ကို သုံးထားတိုင်း မာရာနယ်လို မြင်းစောင်းမှ မြင်းပျိုအသံမထွက်နိုင်တာကတော့ အမှန်ဗျ။ Emission Laws တွေအရ Temerario ရဲ့ stock-exhaust မှာ ကန့်သတ်မှုတွေရှိနေတာကြောင့် Temerario GT3 ကား ထွက်လာရင် အသံအစစ်အမှန်ကို ကြားရသေးတာပေါ့။

image