ရှမ်းပဲပုတ်ထောင်း
❀ ❀ ❀
ရှမ်းပြည်အလွမ်းပြေရှမ်းပဲပုတ်လေးထောင်းဖြစ်ပါတယ်။ ထောင်းနည်းကတော့တနေ၇ာနဲ့တနေ၇ာသိပ်မကွဲကြဘဲတချို့ကခ၇မ်းချဉ်သီးကိုပြုတ်ပြီးထောင်းလေ့ရှိပါတယ်။မီးကင်ထောင်းခြင်းဖြင့့်အနံ့အ၇သာပိုမိုပြီးပြည့်စုံစေမှာဖြစ်ပါတယ်။ပဲပုတ်ထောင်းတခွက်ပါ၇င်ထမင်းဝိုင်းမှာတခြားဟင်းကောင်းမပါဘဲလည်းထမင်းမြန်စေမဲ့ဟင်းရံတခွက်ဖြစ်မှာအသေချာပါဘဲရှင်။
လိုအပ်သောပစ္စည်း
***********
ခရမ်းချဉ်သီး - ၅လုံး
ရှမ်းပဲပုတ် - ၃ချပ်
ကြက်သွန်ဖြူ - ၅မြောင်း
ငရုပ်သီး စိမ်းနီ - ဆယ်တောင့်
ဆား - လ္ဘက်ဇွန်းတဝက်
ဟင်းခပ်မှုန့် - အနည်းငယ်
နံနံပင် - အနည်းငယ်
ဆီ - ၃ဇွန်း
ပြုလုပ်နည်း
******
(၁)ခရမ်းချဉ်သီးကိုရေဆေးပြီးမီးဖုတ်ထားပါ။
(၂)ရှမ်းပဲပုတ်ကိုလည်းမီးကင်ထားပါ။
(၃)ငရုပ်သီးစိမ်းကြက်သွန်ဖြူကိုမွှေးလာသည်ထိကင်ထားပါ။ လှော်ထားလည်းရပါတယ်။
(၄)အားလုံးအဆင်သင့်ဖြစ်ပါကငရုပ်ဆုံတွင်ကြက်သွန်ဖြူငရုပ်သီးနှင့်ရှမ်းပဲပုတ်တို့ကိုအရင်ထောင်းပါ။
(၅)ပြီးလျှင်ခရမ်းချဉ်သီးမီးကင်ထားသည်ကိုအခွံသင်ထည့်ပြီးသာသာထောင်းပါ။
(၆)အရသာဖြည့်စွက်ပါ။ခရမ်းချဉ်သီးကြေညက်ပါကအ၇သာအပေါ့အငံမြည်းကာပန်းကန်တွင်ထည့်ပါ။
(၇)နံနံပင်သေးသေးစိတ်ထည့်ပြီးဆီစမ်းပါ။ သမအောင်မွေပြီးနှစ်သက်ရာသီးနှံအတို့အမြုတ်ဖြင့်တွဲဖက်ကာထမင်းဝိုင်းတွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
