Marvel Fan တွေကို ခေါင်းရှုပ်အောင်လုပ်လိုက်တဲ့ Kevin Feige
Marvel Studios ရဲ့ အကြီးအကဲ Kevin Feige က Thunderbolts* ရဲ့ post-credits scene မှာ ပေါ်လာတဲ့ Fantastic Four ရဲ့ အာကာသယာဉ်နဲ့ ပတ်သက်ပြီး အားလုံးကို ခေါင်းရှုပ်သွားစေတဲ့ စကားတစ်ခွန်းပြောခဲ့ပါတယ်။
ရုပ်ရှင်ထဲမှာတော့ New Avengers အဖွဲ့အသစ်က Fantastic Four ရဲ့ အာကာသယာဉ် Excelsior က ကမ္ဘာဆီ ချဉ်းကပ်လာတာကို ဖန်သားပြင်ပေါ်မှာ ကြည့်နေကြပါတယ်။ ဒါက Marvel Phase 6 ကို စတင်မယ့် The Fantastic Four: First Steps နဲ့ MCU ရဲ့ ကျန်တဲ့အပိုင်းတွေ ဘယ်လိုဆက်စပ်မလဲဆိုတဲ့ အရိပ်အမြွက်ကြီးတစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် Feige က Empire Magazine (Culture Crave ကတစ်ဆင့်) “သူတို့ရဲ့ ယာဉ်က Excelsior ပါ၊ MCU ထဲမှာ Fantastic Four ရဲ့ အာကာသယာဉ်တစ်စီးရောက်လာတယ်... ဒါပေမယ့် အဲဒီယာဉ်က Fantastic Four ရဲ့ ယာဉ်ဖြစ်မယ်လို့ ကျွန်တော် သေချာမပြောနိုင်ဘူး” လို့ ပြောခဲ့ပါတယ်။
ဒီလိုပြောတဲ့အတွက် Marvel Fan တစ်ချို့ ခေါင်းစားသွားခဲ့ပြီး လာမယ့် F4 နဲ့ ပတ်သက်ပြီး ငြင်းခုံမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။
ဆိုတော့ လာမယ့် Fantastic Four အပြင် နောက်ထပ် Fantastic Four တစ်ဖွဲ့လည်း ရှိနေနိုင်သေးတယ်ဆိုတဲ့ အရိပ်အမြွက်တစ်ခုပြလိုက်သလိုတော့မြင်မိပါတယ်။ နောက်ပြီး ပင်မ MCU ထဲမှာလည်း Fantastic Four တွေက အစောကြီးထဲက ရှိနေနိုင်သေးတာလားဆိုတာကလည်း စဥ်းစားစရာပါပဲ။
ဒီ အကြောင်းအရင်းအမှန်တွေသိချင်တယ်ဆိုရင် The Fantastic Four: First Steps ကို ဇူလိုင် ၂၅ ရက်နေ့မှာ စောင့်ကြည့်ရမှာပါပဲ။

image