လက်မှတ်ရောင်းအားကြမ်းနေတဲ့ Superman
Superman လက်မှတ်တွေကတော့ ဒီနေ့စရောင်းနေပြီဖြစ်ပြီး လက်မှတ်ဝယ်လိုအားက အရမ်းမြင့်တက်နေတာမို့ Fandango ရဲ့ ဝက်ဘ်ဆိုက်က ခဏတာ ပြတ်တောက်သွားခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် အကြိုပြသမှုအတွက် ရုပ်ရှင်ရုံတွေက ထိုင်ခုံဇယားတွေကို တစ်ချက်ကြည့်လိုက်ရင် ဖွင့်ပွဲညမှာ ထိုင်ခုံတွေ သိပ်မကျန်တော့ဘူး၊ တချို့နေရာမှာ လုံးဝမကျန်တော့ဘူး လို့သိရပါတယ်။
ဒီနှစ် Superhero ရုပ်ရှင်တွေမှာ James Gunn ရဲ့ “Superman” ထက် ပိုကြီးမားတဲ့ ရုပ်ရှင်မရှိလောက်တော့ပါဘူး။ ဘာလို့လည်းဆိုတော့ James Gunn ရဲ့ ယုံကြည်ချက် ပြင်းထန်တာရယ် Superman ရဲ့ Impact ကလည်း လျှော့တွက်လို့မရအောင်ကြီးမားအောင်လုပ်ထားတယ်ဆိုတော့ ပိုပြီး စိတ်လှုပ်ရှားစရာပါပဲ။
ပုံမှန်ဆိုရင် F4 ကို ပိုမျှော်လင့်ပေမယ့် တနေ့က Superman Teaser မှာတော့ Superman ကို ပိုကြိုက်အောင်ဆွဲဆောင်လို့သွားပါတယ်။ Audience တွေ ဘယ်လိုပဲပြောပြော အတွင်းခံကို ဘယ်လိုပဲ အပြင်မှာ ထုတ်ဝတ်ဝတ် Superman ကို လူတိုင်းကြိုက်လာဦးမှာပါပဲ။
အတွင်းသတင်းအရ ပြည်တွင်းမှာ ဖွင့်ပွဲရုံတင်တဲ့ ရက်သတ္တပတ်မှာ ဒေါ်လာ သန်း ၁၆၀ ဝင်ငွေရဖို့ ခန့်မှန်းထားတယ်လို့သိရပါတယ်။
ဒါပေမယ့် ဒီရုပ်ရှင်က အောင်မြင်မှုကြီးတစ်ခုဖြစ်လာမလားဆိုတာက ပရိသတ်တွေရဲ့ သုံးသပ်ချက်တွေပေါ်မှာ မူတည်ပါမယ်။ ဒီ့အတွက် Warner Bros အနေနဲ့ ဒီရုပ်ရှင် အောင်မြင်ဖို့ နေ့တိုင်း ဘုရားကျောင်းသွားပြီး ဆုတောင်းနေရမယ့် အနေအထားမှာရှိပါတယ်။
ဆိုတော့ ဒီဇာတ်ကား ကောင်းမကောင်းဆိုတာကတော့ လာမယ့် ဇူလိုင် ၁၁ ရက်မှာ ရုပ်ရှင်ရုံတွေမှာ ပရိတ်သက်တွေရဲ့ ကြည့်ရှုမှုအပေါ်မူတည်ပါတယ်။

image