5 ရက် - ဘာသာပြန်ပါ။

ဆူနာမီဘေးကြောင့် သခင်နဲ့ကွဲကွာသွားခဲ့ရတဲ့ ခွေးကလေး တာမွန်..။
သူ့ခြေလှမ်းတွေရဲ့ခေါ်ဆောင်ရာနောက်လိုက်ပါရင်း ဝေးကွာလွန်းတဲ့ ခရီးရှည်ကြီးကို လျှောက်လှမ်းနေတာက ဘယ်သူ့ကို လိုက်လံရှာဖွေနေတာပါလဲ..။
ခရီးလမ်းတလျှောက် ခဏတာတွေ့ဆုံတွယ်ငြိခဲ့ရတဲ့ ယာယီသခင်တွေအတွက်ဘယ်လိုစိတ်ခံစားမှုတွေ၊ဘဝသင်ခန်းစာတွေကို ခွေးကလေးတာမွန်က ပေးနိုင်ခဲ့ပါသလဲ…။
ခရီးရှည်ကြီးကိုရော အဆုံးသတ်နိုင်ခဲ့ရဲ့လား၊ သူ (၅)နှစ်ကြာ တစိုက်မတ်မတ် ရှာဖွေနေတဲ့သူနဲ့ရော တွေ့ဆုံပျော်ရွှင်ခွင့်ရလိုက်ပါရဲ့လား…။
ခွေးကလေးတစ်ကောင်ရဲ့ သိတတ်နားလည်နိုင်စွမ်းရှိပုံ၊သစ္စာတရားကြီးမားပုံ၊သခင်ရှေ့က မားမားမတ်မတ်ကာကွယ်ရပ်တည်ပေးတတ်ပုံတွေကို တစိမ့်စိမ့်ကြည်နူးလိုက်ရ၊ဆို့ဆို့နင့်နင့် ဝမ်းနည်းလိုက်ရနဲ့ အရသာရှိရှိဖတ်ရှုရတဲ့၊ဖတ်ပြီးသွားလဲ ရင်ထဲ တနုံ့နုံ့ထင်ကျန်နေခဲ့ရတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်..။

image