5 ရက် - ဘာသာပြန်ပါ။

Sky Villa ကွန်ဒိုအပျက်အစီးတွေထဲက ရုပ်အလောင်း ၆ လောင်းထပ်မံတွေ့ရှိ

ငလျင်ကြောင့်ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုအဆောက်အဦအပျက်အစီးတွေထဲကနေ ဒီကနေ့မှာ အမျိုးသား ရုပ်အလောင်း ၃ လောင်းနဲ့ အမျိုးသမီး ရုပ်အလောင်း ၃ လောင်းကို ထပ်မံတွေရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ (A)အဆောင်နဲ့ (အဆောင်ကို ယာဉ်ယန္တရားများအသုံးပြုပြီး ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့ ၁၁နာရီည ၄၅ မိနစ် အချိန်မှည B အဆောင် အခန်းအမှတ် H-4 က အမျိုးသား(၂)ဦးနဲ့ အမျိုးသမီး(၃)ဦးတို့ရဲ့ရုပ်အလောင်း​တွေကို ထုတ်ယူနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ -MFSD က ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ နေ့လည် ၂ နာရီဝန်းကျင်ခန့်က အဲ့ဒီ အဆောင် B/ အခန်းအမှတ် H-4 ကနေ အမျိုးသားတဦးရဲ့ရုပ်အလောင်းကို ထပ်မံပြီးတော့ တွေ့ရှိခဲ့တာကြောင့် ထုတ်ယူနိုင်ခဲ့ပြီး ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့မှာ အမျိုးသား ၃ လောင်း၊ အမျိုးသမီး ၃ လောင်း စုစုပေါင်း အလောင်း ၆ လောင်းကို ထုတ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ Sky Villa အဆောက်အဦအပျက်အစီးတွေကြားက ကျန်ရှိနေသေးတဲ့ ရုပ်အလောင်းတွေကို ရှာဖွေထုတ်ယူနိုင်ဖို့နဲ့ပြိုကျပျက် စီးနေတာတွေကို ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့အတူ လူမှုကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပူးပေါင်းပြီးတော့ ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
အဲ့ဒီ ကွန်ဒိုအပျက်အစီးကနေ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၂ ဦးကို အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့ပြီး ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့အထိ သေဆုံးသူရုပ်အလောင်း ၁၀၀ ကျော်ကို ထုတ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။
သတင်းဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့

image