❝ P U N K ❞
ပန့်ခ်တွေမှာတော့
အများအားဖြင့် Anarchy ဆိုတဲ့အတိုင်း
အခွင့်အာဏာအပါအဝင် အခြား
ထိန်းချုပ်မှုစနစ်တွေ ကို အသိအမှတ်မပြုတာ၊
မနာခံတာ၊အစိုးရအလိုမရှိတာနဲ့အတူ
လူတစ်ဦးချင်းစီရဲ့အကြွင်းမဲ့
လွတ်လပ်မှုတွေကို နိုင်ငံရေးစံနှုန်း အဖြစ်
သတ်မှတ်တာတွေကို တွေ့ရပါတယ်။
ပန့်ခ်နဲ့ ဟစ်ပီရဲ့မြင်သာတဲ့ကွဲပြားချက်ကတော့
ဆံပင် အတို၊ အရှည်ပါပဲ။
ပန့်ခ်တွေရဲ့ဆံပင်ကကမ္ဘာမြေကြီး
ဆွဲအားကိုဆန့်ကျင်ပြီး မိုးကောင်းကင်ပေါ်ကို
ပုံစံအမျိုးမျိုးနဲ့ ထောင်မတ်နေပေမယ့်၊
ဟစ်ပီတွေရဲ့ဆံပင်ကတော့ ကမ္ဘာမြေကြီး
ဆွဲအားအတိုင်း အလိုက်သင့်
ဆင်းသက်ခွင့်ပြုထားတာပါပဲ။
ပုံမှန်လူ့အဖွဲ့အစည်းနဲ့ ဆန့်ကျင်ပေါ်ထွက်ခဲ့တဲ့
Style tribes တွေဟာ မတူကွဲပြားကြပေမယ့် သက်ဆိုင်ရာအစုအဖွဲ့အလိုက်အနေနဲ့တော့
အဖွဲ့အစည်းညီညွတ်မှုစိတ်ဓာတ်၊
ရဲဘော်ရဲဘက်စိတ်ဓာတ်တွေဘက်မှာတော့
တိုးတက်ဖွံ့ဖြိုးအကျိုးဖြစ်ထွန်းခဲ့ပါတယ်။
သူတို့အားလုံး အမြင်မှာ သူတို့ဟာ
ဘယ်တော့မှအရောင်မပြောင်းတဲ့
စတိုင်မျိုးကွဲတွေလို့ကြွေးကြော်ခဲ့ကြပြီး၊
အဲဒီထဲက တချို့ဟာ သူတို့ရဲ့စတိုင်လ်နဲ့
ပတ်သက်တဲ့ တက်တူးတွေထိုးပြီးတော့
Mainstream ရဲ့ သူတို့ကို ‘ပေါ်ပင်တွေပါ'လို့
ပုတ်ခတ်ဝေဖန်တာတွေကို အခိုင်အမာ
တုံ့ပြန်သက်သေပြခဲ့ကြပါတယ်။
အစောပိုင်း ပန့်ခ်တွေ ပေါ်ပြီး
ဆယ်နှစ်လောက်မှာ အထူးသဖြင့်
Punks On Postcard ပို့စကာဒ်ပေါ်ကပန့်ခ်တွေ
လို့ ရိသဲ့သဲ့ ပျက်ရယ်ပြုကြတာတွေကို
'Punk's Not Dead' ဆိုတဲ့ ကြွေးကြော်သံနဲ့
တုံ့ပြန်ခဲ့ကြပါတယ်။
